ဒုတိနေရာက မန်စီးတီးကတော့ ထိပ်တိုက် ဆုံတွေ့ပွဲမှာ နောက်ထပ် လန်ဒန်အသင်းဖြစ်တဲ့ ချယ်လ်ဆီးကို ဂိုးပြတ် နိုင်ခဲ့ပြန်ပါတယ်။ အထူးသဖြင့် ချယ်လ်ဆီး ခံစစ်ပိုင်းအမှားနဲ့ မန်စီးတီးရဲ့ အကောင်းဆုံး ကစားပုံကြောင့် အိမ်ရှင်အသင်း ဂိုးပြတ် နိုင်ခဲ့တာပါ။

မန်စီးတီးအတွက် အာဆင်နယ်ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ အဂွဲရိုး ခြေစွမ်းပြခဲ့ပြန်ပြီး နှစ်ပွဲဆက် ဟက်ထရစ်ရခဲ့ပါတယ်။အဂွဲရိုးဟာ ပထမပိုင်းမှာ ၂ဂိုးနဲ့ ဒုတိယပိုင်းမှာ ပင်နယ်တီကနေ ၁ဂိုးသွင်းပြီး ၃ဂိုးသွင်းခဲ့တာပါ။

ချန်ပီယံဆုအတွက် ဂိုးကွာခြားချက် အရေးပါတယ်လု့ိ ပြောထားတဲ့ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးကတော့ ဒုတိယပိုင်းမှာလည်း ဆက်တိုက် ဖိကစားနိုင်ခဲ့ပြီး ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် အဂွဲရိုးက ၁၃၊ ၁၉၊ ၅၆မိနစ်တွေမှာ ဟက်ထရစ်နဲ့ စတာလင်က ၄၊ ၈၀မိနစ်၊ ဂန်ဒွန်ဂမ်က ၂၅မိနစ်တွေမှာ ဂိုးတွေ အသီးသီး သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

source:bbc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။