ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးနဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်တို့ကတော့ မကြာခင်မှာ ဇာတ်ရုပ်အသစ်တွေနဲ့ ပရိသတ်တွေရဲ့ရှေ့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆုတွေကို အသီးသီး ဆွတ်ခူးရရှိထားတဲ့ နေတိုးနဲ့ ရွှေကစ်တိုးက ပရိသတ်တွေရဲ့အချစ်တော် ထပ်ဆင့်အကယ်ဒမီဆုရှင်တွေလည်း ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ယောက်က ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူရိုက်ကူးခဲ့ကြပါတယ်။

ပြင်ဦးလွင်အထိ ရုပ်ရှင်သွားရောက်ရိုက်ကူးခဲ့ကြတဲ့ နေတိုးနဲ့ ရွှေကစ်တို့ရဲ့ ဇာတ်ကားလေးက အခုဆိုရင် အပြီးသတ်ရိုက်ကူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ကမှ ရိုက်ကူးရေးပြီးဆုံးသွားတာကြောင့် နေတိုးနဲ့ ရွှေကစ်တို့ နှစ်ယောက်လုံးက အရမ်းကိုပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ အခုလည်း ရွှေကစ်က ရှုတင်ပြီးလို့ ကလေးတစ်ယောက်လိုပျော်နေတဲ့ နေတိုးကို ဘေးကနေလိုက်စနောက်နေတဲ့ ဗီဒီယိုဖိုင်လေးကို အသစ်တင်ထားပါတယ်။

ပန်ကာလေးတစ်ခုကို လက်ကကိုင်ပြီး ကလေးတစ်ယောက်လို ဆော့ကစားနေတဲ့ နေတိုးကို ရွှေကစ်လေးက လိုက်စနောက်နေတဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ နေတိုးနဲ့ ရွှေကစ်တို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက်နဲ့ အရမ်းကို ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:wutthmoneshweyi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။