မြန်မာနိုင်ငံရဲ့ အဓိကအားကိုးရာတစ်ခုဖြစ်တဲ့ နိုင်ငံတော်တမ္မတဦးဝင်းမြင့်ရဲ့ နေ့စဉ်ဖြတ်သန်းပုံနဲ့ သူ့ရဲ့ မိသားစုဘဝလေးတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး နေ့စဉ်ခြင်းလုံးခတ်ခြင်းနှင့်အတူ မြန်မာသံတေးသီချင်းတွေကိုလည်း သီဆိုလေ့ရှိကြောင်း သိရပါတယ်။  

မကြာသေးမီကလည်း သမ္မတကြီးဦးဝင်မြင့်နှင့် ဇနီးဒေါ်ချိုချိုတို့ကတော့ နှစ်ယောက်အတူ သီချင်းသီဆိုမှုလေးတွေပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ဖေဖော်ဝါရီလ ၉ရက်နေ့ ညကပြုလုပ်ခဲ့တာဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးထဲ သီချင်းဆိုနေတဲ့ ရိုးရှင်းတဲ့ပွဲလေးတစ်ခုပဲဖြစ်ပါတယ်။ 

ကိုယ်တိုင်သီချင်းသီဆိုမှုကို ဝါသနာပါသူတစ်ဦးဖြစ်တဲ့အပြင် ဇနီးဖြစ်သူရဲ့ အသံကောင်းကောင်းသီဆိုနိုင်မှုကိုလည်း အားပေးတက်သူတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။ ကြည်နူးစရာကောင်းတဲ့ သမ္မတကြီးဦးဝင်မြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ချိုချိုတို့ရဲ့ သီချင်းသီဆိုမှုဗီဒီယိုဖိုင်လေးကိုချစ်ပရိသတ်တွေအတွက်မျှဝပေလိုက်ပါတယ်။

vIDEO - MYO GYI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။