အဆိုတော် လင်းလင်းနဲ့ အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ချစ်စရာသမီးချောလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်လို့ အားလုံးကချစ်စနိုးခေါ်ဝေါ်ကြတဲ့ သမီးအမြွှာလေးနှစ်ယောက်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်စရာကောင်းလာကြတာ တွေ့ရပါတယ်။ ဘိုမရုပ်လေးတွေလို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အသည်းယားစရာကောင်းတဲ့ ခေတ်လေးတို့က အခုဆိုရင် အသက်(၂)နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပိက်ရက်မှာတော့ ချစ်သုဝေက သူမရဲ့ဒုတိယမြောက် တစ်ကိုယ်တော်အခွေလေးအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို မြန်မာပလာဇာမှာရှိတဲ့ " Hard Rock Cafe" မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ ချစ်သုဝေက မိသားစု စုံစုံလင်လင်နဲ့ ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာကလည်း တက်ရောက်အားပေးခဲ့ကြပါတယ်။ မေမေချစ်သုဝေကို အားပေးခဲ့ကြတဲ့ ခေတ်၊သစ်တို့ညီအစ်မကိုလည်း ပွဲတက်လာတဲ့ အနုပညာရှင်တွေက ချစ်မဝဖြစ်ခဲ့ရပါတယ်။

အခုလည်း ပိုးမမှီသာက မေတိုးခိုင်နဲ့ ခေတ်လေးတို့နှစ်ယောက်ရဲ့ စကားပြောနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ MY Story မှာ တင်ထားပါတယ်။ ဒီဗီဒီယိုဖိုင်လေးမှာတော့ ခေတ်လေးက "ဟိတ်ကောင်" ဆိုပြီး လူကြီးလေးတစ်ယောက်လို နှုတ်ဆက်လိုက်တဲ့ အမူအရာလေးက အရမ်းကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သုဝေရဲ့သမီးလေး ခေတ်လေးရဲ့ အသည်းယားချင်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Poe Mamhe Thar & Chit Thu Wai;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။