မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာ ချစ်သူရှိရာ မန္တလေးမြို့လေးကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ရန်ကုန်နဲ့ မန္တလေး တစ်မြို့စီနေထိုင်ကြတဲ့ LDRS တွေဖြစ်ကြပေမယ့် မကြာခဏဆိုသလို တွေ့ဆုံကြတဲ့ နေခြည်ဦးတို့စုံတွဲလေးက တကယ့်ကိုပဲ ကြည်နူးစရာကောင်းလှပါတယ်။ နေခြည်ဦးရဲ့ ချစ်သူကတော့ မန္တလေးသားတစ်ယောက်ဖြစ်ပြီး "Dose Bar & Grill" ဆိုင်လေးကို ပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာ ဖြစ်ပါတယ်။ အခုလည်း နေခြည်ဦးက ချစ်သူရှိရာ မန္တလေးမြို့လေးကို သွားရောက်ခဲ့ပြီး ချစ်သူနဲ့ တွေ့ဆုံချိန်လေးမှာ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ နေခြည်ဦးရဲ့ချစ်သူကတော့ သူကိုယ်တိုင် ကားနဲ့လာရောက်ကြိုဆိုခဲ့သလို အစားအသောက်တွေကအစ အသေးစိတ်ပြင်ဆင်ပြီး ဧည့်ခံပေးခဲ့ပါတယ်။

အခုလည်း နေခြည်ဦးက ချစ်သူနဲ့အတူ မန္တလေးမှာ ပျော်ရွှင်နေတဲ့ အမှတ်တရလေးတွေကို သူမရဲ့ MY Story ကတစ်ဆင့် ပြန်လည်မျှဝေပေးထားပါတယ်။ ချစ်သူရဲ့အသေးစိတ်ကအစ အလိုလိုက်ဂရုစိုက်မှုကြောင့် ချီချီတစ်ယောက် အရမ်းကို ကျေနပ်ပျော်ရွှင်နေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး နေခြည်ဦးတို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:nay chi oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။