ပရိသတ် Voting ကြောင့်ရော သူ့ရဲ့ပညာပါရမီပြည့်ဝတာရောကြောင့်ပါ Myanmar Idol Finalist တစ်ဦးဖြစ်ခဲ့တဲ့သားငယ်ဟာ နောက်တစ်ခေါက်ပြိုင်ပွဲမှာ Grand Final မှာယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။ သားငယ်ရဲ့ရင်ခုန်သံနဲ့ကျေးဇူးတင်စကားတွေကို 8Days ဂျာနယ်မှာတွေ့ခဲ့ရပါတယ်။

“ကျွန်တော့် ကို Vote ပေးကြတာ SMS ရော Facebook Account နဲ့ပါ ပေးကြ လို့ ကျွန်တော် ခုထိရောက်လာတာ ပါ။ ကျွန်တော့်ကို ချစ်ကြသူတွေက ကျွန်တော် Bottom 3 မထိုင်ရ အောင် Vote ပေးခဲ့ကြတယ်။ အဲဒီ အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကိုအားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေး ဇူးတင်နေမှာပါ။ ကျွန်တော်က သီ ချင်းတွေ အမြဲဆိုနေမှာပါ။”

ကဲသားငယ် ပရိသတ်ကြီးရေ….. သားငယ်သီချင်းတွေဆက်ဆိုရင်ရောအားပေးကြအုံးမှာလား 

Source: 8Days (May Thet)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။