မြင်ရသူ ပရိသတ်တိုင်း သည်းသည်းလှုပ်ချစ်ကြတဲ့ အမြွှာလေးဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ မေမေ ချစ်သုဝေကတော့ ယခင်ကတည်းက ပရိသတ်တွေအရမ်းကြိုက်ပြီး အားပေးရတဲ့ အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ ကိုယ်တိုင်က ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ အပြင် သရုပ်ဆောင်ပိုင်းကိုလည်း ပိုင်နိုင်တဲ့ ချစ်သုဝေက နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်တဲ့ လင်းလင်းနဲ့ လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတာ ကြာပြီဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ခေတ် နဲ့ သစ်လေးကလည်း တဖြည်းဖြည်း အရွယ်ရောက်လာပြီ ဖြစ်ပြီး ကျောင်းတက်နေပြီတောင် ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးတွေကို အချိန်ပေးပြီး မိခင်ရဲ့ မေတ္တာတွေကို အပြည့်အဝပေးခဲ့တဲ့ ချစ်သုဝေက မိခင်ကောင်းတစ်ယောက် ပီသတဲ့ အပြင် ပရိသတ်တွေအတွက်လည်း အနုပညာသမားကောင်း ပီသတဲ့သူတစ်ယောက်ပါ။ ယခုဆိုရင် သူမရဲ့ နှစ်တွေအများကြီး ကြာပြီမှ ပထမဆုံး အနုပညာခြေလှမ်းကို ပြန်လည် စတင်တာ ပါ။

သူမရဲ့ ကတိ တေးစီးရီး အသစ်ကို မိတ်ဆက်ရင်း သီချင်းလေးတွေကို အမြည်းနားထောင် နိုင်အောင် prelistening party ကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲလေးကို ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေးဖြစ်တဲ့ ချစ်သက်က သွားရောက်အားပေးခဲ့ပြီး ချစ်သုဝေရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ရူနိုင်ဖို့အတွက် ရိုက်ထားတဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Source:Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။