ပရိသတ်တွေကြားမှာ မ နဲ့ မောင် စုံတွဲလေးအဖြစ် ရေပန်းစားနေတဲ့ သားဂန်းနဲ့ ဘေဘီမောင် တို့ အတွဲလေးကတော့ မြင်သူတကာတိုင်းအားကျရလောက်အောင် တစ်ယောက်ကိုယ်တစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ မ ဆိုးသမျှကို အနစ်နာခံပြီး အမျော်အမြင်ရှိတဲ့ ချစ်သူကောင်လေးဖြစ်တဲ့ သားဂန်းကလည်း ပရိသတ်တွေကြားမှာ သီချင်းအေးအေးလေးတွေကို ဆိုတတ်တဲ့ ကောင်လေးအဖြစ် ရေပန်းစားလာသူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရည်ရွယ်ချက်တွေခိုင်မာစွာနဲ့ နှစ်ယောက်သား ပျော်ရွှင်တဲ့ မိသားစုလေးကို ဖန်တီးနိုင်ဖို့ အတွက်အကောင်းဆုံးကြိုးစားနေကြတာကိုမြင်တွေ့ရမှာပါ။ စိတ်တူကိုယ်တူနဲ့ တစ်ယောက်ကိုယ်တစ်ယောက် ဖေးမရင်း နားလည်မှုအပြည့်အဝနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ အတွဲလေးပါ။ အသက်အရွယ်ကွာခြားမှုကြောင့် မ နဲ့ မောင် ဇာတ်လမ်းလေးဖြစ်ပေမယ့် သူများတွေနဲ့ မတူအောင် အရမ်းကို တည်ငြိမ်ရင့်ကျက်တဲ့ စုံတွဲလေးဖြစ်ပါတယ်။

အမျော်အမြင်ရှိတဲ့ ချစ်သူလေးဖြစ်တဲ့ ဘေဘီမောင်က သူများတွေနဲ့ မတူအောင် VDay လက်ဆောင်လေး တောင်းထားတာလေးက အရမ်းကို ကြည်နူးအားကျဖို့ကောင်းပါတယ်။ " ချစ်သူများနေ့ရောက်တော့မယ်မောင် ချောကလက်မကျွေးနဲ့နော် ဝိတ်တက်မှာကြောက်လို့ နောက်ပီး ပန်းစီးတွေဘာတွေတခြားလက်ဆောင် ပစ္စည်းတွေလည်း ဘာမှမဝယ်ပေးပါနဲ့နော် ပိုက်ဆံတွေကုန်မှာစိုးလို့ ဘဝအတွက်တကယ် ရည်စူးထားတဲ့သူတွေမို့လို့ မင်္ဂလာဆောင်ဖို့ပိုက်ဆံပဲစုလိုက်ပါမောင်ရယ် " ဆိုပြီး သားဂန်းကို ချစ်စရာကောင်းလောက်အောင် ပြောတတ်သူလေးပါ။ သားဂန်းကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေးကို ရထားတာပါပဲနော်။

Source: Baby Maung


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။