လေယာဉ်ပျက်ကျမှုနဲ့တူတူပါသွားခဲ့တဲ့ကာဒစ်အသင်းရဲ့တိုက်စစ်မှုးသစ်အမ်မလီယာနိုဆာလာကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ် ။ခုချိန်ထိတိုင်ပရိသတ်တွေချစ်ရတဲ့သူတွေကမယုံနိုင်သေးပဲစိတ်မကောင်းဖြစ်နေရတာပါ။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကလေယာဉ်အပျက်အစီးတွေ ကြားထဲကဆာလာရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ပြီးမှာသေဆုံးကြောင်းအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ရုပ်အလောင်းမတွေ့ခင်တုန်းကပရိသတ်တွေကသူ့အသက်ရှင်နေမယ်ဆိုတဲ့မျှော်လင့်ချက်လေးထားခဲ့ပေမယ့်ယခုမှာတော့သူ့ကိုချစ်တဲ့သူတွေကိုသူထားခဲ့ပြီးအပြီးထွက်သွားခဲ့တာပါ။သူ့ကိုစောင့်နေတဲ့ချစ်ရတဲ့သူတွေဆီသူ့ခွေးလေးဆီကိုဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး။ပရိသတ်တွေကလည်းခုထိတိုင်စိတ်မကောင်းတွေဖြစ်ပြီးဆုတောင်းပေးနေကြတာပါ။

ဘောလုံးပွဲစဉ်တိုင်းမှာလည်းသူ့အတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တစ်မိနစ်ခန့်ငြိမ်သက်ဆုတောင်းပေးမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ကမ္ဘာအရပ်ရပ်မှာသူ့အတွက်ဆုတောင်းမှုတွေကိုလုပ်ပေးနေကြပြီးသူ့ရဲ့အသင်းဟောင်းကလည်းဘောလုံးမကစားမီဆုတောင်းမှုတွေလုပ်ပေးကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းဝမ်းနည်းမျက်ရည်တွေနဲ့မြင်ကွင်းတွေကစိတ်မကောင်းစရာပဲဖြစ်ပါတယ်။ကမ္ဘာအရပ်ရပ်မှာပြုလုပ်နေတဲ့ဆာလာရဲ့ဝမ်းနည်းခြင်းအထိမ်းအမှတ်ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source - Routine of Nepali Football 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။