အဆိုတော်မိုးမိုးတစ်ယောက် မြိတ်မြို့မှာဈေးဝယ်ရင်း ဆက်ဆံရေးညံ့ဖျင်းတဲ့ဆိုင်တစ်ဆိုင်ကြောင့် စိတ်တိုဒေါသထွက်ခဲ့ရတဲ့အကြောင်းလေးကို သူ့ရဲ့လူမှုကွန်ယက်မှာပြောပြထားတာပဲဖြစ်ပါတယ်။ " သူ့ဆိုင်မှာ ချိတ်ထားတဲ့ အင်္ကျီလေးတစ်ထည် မဆိုးဘူးထင်လို့ အဆင်ပြေမပြေ ဝတ်ကြည့်လို့ရမလား အရင်မေးပါတယ် မေးပြီးမှ ဝတ်ကြည့်တာပါ တစ်ထည်ပြီးတစ်ထည် ဟိုဟာယူဝတ် ဒီဟာယူဝတ်လဲ မရဟုတ်ရပါဘူးဗျာ (အင်္ကျီအဖြူလဲ မဟုတ်ပါဘူး အဖြူဆိုရင် ညစ်ပတ်သွားမှာစိုးလို့ဆိုရင်လဲ ဟုတ်သေး) တကယ့်ကို တစ်ထည်တည်းဝတ်ကြည့်တာပါ cutting က ကိုယ်နဲ့ အဆင်မပြေလို့ မယူဘူး ပြောတော့ ပြဿနာ စရှာပါတယ် နောက်ဆုံး သိပ်မပြောချင်တာကလဲတကြောင်း ဒေါသလဲ အရမ်းထွက်နေလို့ ပိုက်ဆံထုတ်ပေးပြီး အင်္ကျီကို ဆိုင်ထဲမှာတင်ပြန်လွှင့်ပစ်ခဲ့တယ် ဆိုင်ထဲမှာ ၃ ယောက်ရှိပါတယ်(အားလုံး ဆိုင်ရှင်တွေနဲ့တူပါတယ်) အသက် ၅၀ လောက် ဘိုးတော်ကပဲဖြစ်ပျက်နေတာပါ ကျန်တဲ့နှစ်ယောက်က အလိုက်သင့်ပါပဲ ကျန်တဲ့ နှစ်ယောက်ထဲက အစ်ကိုကဆို လိုက်တောင်းပန်ပြီး အင်္ကျီကိုပြန်ကောက်လမ်းပေါ်ထိလိုက်ပေးရှာပါတယ် ကိုယ်ကလဲ ဒေါသထွက်နေတော့ လမ်းမပေါ်တောင် ထပ်လွှင့်ပစ်ခဲ့သေး (ကျွန်တော် ရိုင်းရင်လဲ sorry ပါ အစ်ကိုရေ) ဒီကြားထဲ ဘိတ်သားတွေချစ်ဖို့ကောင်းချက်က လမ်းပေါ် လွှင့်ပစ်လိုက်တဲ့ အထုပ်ကို ကျွန်တော်ကျ ကျန်ခဲ့တယ်ထင်လို့တဲ့ (ဆိုင်ကယ် ကယ်ရီသမားတွေထင်ပါတယ်) ဆိုင်ကယ်နဲ့တကူးတက ဟိုတယ်ထိ လိုက်ပေးသဗျ အကျိုးအကြောင်းရှင်းပြပြီး အစ်ကိုတို့ပဲ ယူလိုက်တော့ဆိုပြီးပေးခဲ့လိုက်တယ် " ဆိုပြီးပြောပြထားတာပဲဖြစ်ပါတယ်။

အဖေကစိတ်ဆိုးဒေါသထွက်နေတဲ့အချိန်မှာ သမီးဖြစ်သူက အပါးလို့ခေါ်ပြီးတားတဲ့အကြောင်းလေးကို မိုးမိုးရဲ့ဇနီးဖြစ်သူက သူ့ရဲ့ Post မှာ " အဖေကရန်ဖြစ်နေတာ သမီးလေးက အနောက်နေ အပါး အပါး နုတ်ခမ်းလေးထော်ပြီး အမေပေါ်ကနေ လိုက်ဆွဲနေတာလေးကို မျက်လုံးထဲက မထွက်ဘူး " ဆိုပြီး ချစ်စဖွယ်ပုံစံလေးလာရောက်မှတ်ချက်ပေးထားတာဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း မိုးမိုးက " သမီးလိမ္မာလေး " ဆိုပြီး ပြန်လည်မှတ်ချက်ပေးထားပါသေးတယ်။ ဒီလိုချစ်စရာကောင်းတဲ့ သမီးလေးကိုပိုင်ဆိုင်ထားတဲ့ မိုးမိုးတို့ဇနီးမောင်နှံကတော့ တကယ့်ကိုကံကောင်းတာပါပဲ။

ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး အမြဲတမ်းပြုံးနေတတ်တဲ့ သမီးလေးကြောင့် ဘဝအမောတွေလည်း အကြိမ်ကြိမ်ပြေရမှာအသေအချာပါပဲ။ ချစ်စဖွယ်သမီးလေးကိုပိုင်ဆိုင်အပြီးမှာလည်း နောက်ထပ်ရင်သွေးရတနာလေးကို မကြာခင်မှာပိုင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ မိသားစုလေးအဖြစ်နဲ့ မြင်တွေ့ရတော့မှာမို့ တကယ့်ကိုသာယာပျော်ရွှင်တဲ့ မိသားစုလေးဖြစ်တော့မှာ အသေအချာပါပဲ။

Photo - Moe Sithu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။