အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက် စစ်သွေးကြွတွေကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစတင်ပြီး ဆီးရီးယား ဒီမိုကရက်တစ် တပ်တွေက တိုက်ပွဲဝင်ခဲ့တယ်လို့သိရပါတယ်။

ဆီးရီးယားဘက်ကတော့ နိုင်ငံတွင်းက အိုင်အက်စ်တွေရဲ့ နောက်ဆုံး ခြေကုပ်နယ်မြေကို ဖေဖော်ဝါရီ ၉ ရက်မှာ စတိုက်ခိုက်ဖို့ စီစဉ်ထားပေမယ့် တရက်စောပြီး ထိုးစစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။  

ဆီးရီးယားတွေဘက်ကတော့ အိုင်အက်တွေကို ယခုတိုက်ပွဲကို နောက်ဆုံးတိုက်ပွဲအနေနဲ့ ဆင်နွှဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဆီးရီးယားတွေကတော့ အဓိကတိုက်ပွဲကြီးကိုလည်း လက်ရှိအချိန်မှာ တိုက်ခိုက်ခဲ့ပြီဖြစ်ပြီး နိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးအကြွင်းအကျန်တွေကို ချေမှုန်းသွားမယ်လို့ ကြွေးကြော်ထားပါတယ်။  

ဆီးရီးယားတွေကို ကျောထောက်နောက်ခံပေးထားတဲ့ အမေရိကန်အစိုးရဟာဆိုရင်လည်း သီတင်းပတ် နှစ်ပတ်အတွင်း အိုင်အက်စ်တွေဟာ နောက်ဆုံးနယ်မြေကို ဆုံးရှုံးမယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။