ပရိသတ်ကြီးရေ.. စိုးညီအစ်မလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်နဲ့ အဆိုတော်စန္ဒီမြင့်လွင်တို့ ညီအစ်မတွေကတော့ အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြသူတွေပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြသလို စီးပွားရေးဘက်မှာလည်း မလစ်ဟင်းအောင် ညီအစ်မအတူ ပေါင်းပြီး “မင်းသမီး” ပိုးထည်ဆိုင်ကိုလည်း စပ်တူဖွင့်လှစ်ထားကြပါသေးတယ်..။

ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတဲ့ ပစ္စည်းကောင်းလေးတွေကြောင့်လည်း “မင်းသမီး”ပိုးထည်ဆိုင်ဟာ ပရိသတ်တွေကြားရေပန်းစားနေပြီး စိုးညီအစ်မတွေကလည်း အားလပ်ချိန်တိုင်းမှာ တစ်ယောက်တစ်လှည့်စီ ဆိုင်ထိုင်နေကြတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း စိုးမြတ်နန္ဒာနဲ့ စိုးပြည့်သဇင်တို့ စိုးညီအစ်မနှစ်ယောက်ကတော့ ဆိုင်ထိုင်တုန်းလေး အလုပ်တွေကြိုးစားနေကြသလို အမှတ်တရဓာတ်ပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

စိုးညီအစ်မတွေကတော့ အနုပညာအလုပ်တွေကို နယ်ပယ်အသီးသီးကနေ ကိုယ်စီကိုယ်စီလုပ်ကိုင်နေကြသလို ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြပြီး စီးပွားရေးဘက်မှာလည်း စိတ်တူကိုယ်တူ လုပ်ဆောင်နေကြတာလည်း တွေ့ရပါတယ်နော်..။

မင်းသမီးပိုးထည်ဆိုင်က ဒီဇိုင်လေးတွေနဲ့ မြန်မာဝတ်စုံလေးတွေကို ကျသရေရှိရှိ ဝတ်ဆင်ထားကြတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ညီအစ်မနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။