ပရိတ်သတ်ကြီးရေ ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ တေးသီချင်းပေါင်းများစွာကိုဖန်တီးသီဆိုခဲ့ပြီး သူမရဲ့ အသံလွင်လွင်လေးက ပရိတ်သတ်ရဲ့နားထဲမှာ စွဲနေတာဖြစ်လို့ ပရိတ်သတ်တွေ အားပေးချစ်ခင်ရတဲ့ တေးသံရှင်ဖြစ်ပါတယ်။အိမ့်ချစ်က အသံအရမ်းကောင်းပြီး စတိုင်မိုက်မိုက်နဲ့ သီချင်းဆိုတတ်တဲ့ ဝါရင့်အဆိုတော်ကြီးဦးချစ်ကောင်းရဲ့ သမီးချောလေး ဖြစ်တဲ့အပြင်ဖေဖေရဲ့ အနုပညာအမွေတွေကို ဆက်ခံထားသူတစ်ယောက်ဖြစ်လို့ အိမ့်ချစ်ကလည်း အသံချိုချိုလေးတွေနဲ့ သီချင်းကောင်းကောင်းလေးတွေကို သီဆိုနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

အိမ့်ချစ်က အနုပညာအလုပ်တွေကို သူမငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ လမ်းပြပေးပြီး ခေါ်ဆောင်မှုအောက်မှာ ကြိုးစားခဲ့တာဖြစ်လို့ အခုဆိုရင်တော့ ဖခင်ရဲ့ပဲ့ကိုင်ပေးမှုကြောင့် အရမ်းအောင်မြင်နေတဲ့ တေးသံရှင်ပါ။သူမရဲ့တစ်ကိုယ်တော်တေးသီချင်းတွေကလည်း အရမ်းကိုအောင်မြင်ခဲ့ပြီး ပရိတ်သတ်ရဲ့အားပေးချစ်ခင်ခြင်းတွေနဲ့ အိမ့်ချစ်ဆိုတဲ့နေရာတစ်နေရာကိုရရှိခဲ့ပါတယ်။အိမ့်ချစ်က ရှိုးပွဲတွေမှာဆိုရင်လည်း တက်တက်ကြွကြွနဲ့ ဖျော်ဖြေတာဖြစ်လို့ သူမသီဆိုတဲ့ အချိန်ဆို ပရိတ်သတ်တွေက မြူးကြွနေရပါတယ်နော်။  

အိမ့်ချစ်က အခုဆိုရင် သူမရဲ့ မောင်လေးကိုလည်း တေးသီချင်းလောကထဲကို လက်တွဲခေါ်ဆောင်နေပြီး မောင်လေးရှေ့ကနေ အမကြီးအမိရာပုံစံနဲ့ မြေတောင်မြှောက်ပေးလို့နေပါတယ်။အိမ့်ချစ်တို့ သားအဖသုံးယောက်ပေါင်းပြီး သီချင်းလုပ်ဖို့ စီစဉ်နေလို့ ပရိတ်သတ်တွေကတော့ ရင်ခုန်စွာနဲ့စောင့်မျှော်နေပါတယ်။အခုဆိုရင် အိမ့်ချစ်က မောင်လေးကို ဘယ်သွားသွား ခေါ်သွားနေပြီး မောင်လေးနဲ့အတူ ပျော်ရွှင်စွာနဲ့ အလုပ်တွေလုပ်နေသလို ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတဲ့ သူတို့မောင်နှမ နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

Source:Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။