ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဆိုရင် ကြီးကျယ်ခမ်းနားတဲ့ Grammy ဆုပေးပွဲကြီးကို ကျင်းပခဲ့တာ ပရိသတ်ကြီးလဲ သိမယ်ထင်ပါတယ်။ အဲထဲမှာ အကြီးအကျယ်အောင်မြင်မှုရတဲ့ ဂီတပညာရှင်တွေကတော့ Cardi B , Lady Gaga နဲ့ Kacey Musgrove တို့ပဲဖြစ်ပါတယ်။ သူတို့၃ယောက်ဟာဆိုရင် Grammy ဆုပေးပွဲမှာ နေရာတော်တော်ရခဲ့ကြပါတယ်။ Ariana Grande ဟာဆိုရင်လဲ Taylor Swift ကိုကျော်ပြီး Grammy ဆုကိုရရှိခဲ့ပါတယ်။ ခုဆိုရင်တော့ လူသိများပြီး အဓိကဆုတွေကိုရရှိခဲ့တဲ့ စာရင်းကိုဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

Cardi B ဟာ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Rap အဆိုတော် မိန်းကလေးတစ်ယောက်ဖြစ်ကာ သူမဟာဆိုရင်တော့ Grammy ဆုပေးပွဲမှာ သမိုင်းတွင်းအောင် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးတစ်ယောက်တည်း သီဆိုတဲ့ Best Rap Album ဆုကိုရရှိခဲ့တဲ့ အဆိုတော်ဖြစ်ပါတယ်။ Musgrove ကတော့ အသက် ၃၀ရှိပြီဖြစ်ကာ သူမဟာတော့ Grammy ဆုပေးပွဲရဲ့ အကြီးဆုံးဆုဖြစ်တဲ့ Best Country Album ကိုရရှိခဲ့ပါတယ်။ Lady Gag ကတော့ အသက်၃၂နှစ်ရှိပြီဖြစ်ကာ Best Song Written နဲ့ Best Pop Duo/Group Performance နဲ့ Best Solo Performance ဆုကိုရရှိခဲ့ပါတယ်။ 

Drake ကတော့ Best Rap Song ကို God's Plan သီချင်းနဲ့ရရှိခဲ့ပါတယ်။ Ariana Grande ကတော့ Best Pop Vocal Album ဆုကိုရရှိခဲ့ပြီး Best New Artist ကိုတော့ Dua Lipa ရရှိခဲ့ပါတယ်။ အဲ့ဆုတွေကတော့ အဓိကဆုတွေဖြစ်ပြီး လူသိများတဲ့ဆုတွေဖြစ်ပါတယ်။ Cardi B , Lady Gaga နဲ့ Kacey Musgrove တို့ကတော့ အဲ့ညရဲ့ အဓိကလူတွေလို့ ပြောလို့ရပါတယ်။ အဲ့ညကို သူတို့၃ယောက်က အုပ်စိုးသွားလို့ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် Grammy ဆုပေးပွဲက အနုပညာရှင်ပုံရိပ်တချို့ကို ပြန်လည်ဝေမျှပေူလိုက်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။