ယူအေအီးနိုင်ငံမှာကျင်းပတဲ့ ၂၀၁၉အာရှဖလားပြိုင်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီနှစ်အာရှဖလားပြိုင်ပွဲမှာတော့၂၀၂၂ ကမ္ဘာဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်ကာတာအသင်းကဂျပန်အသင်းကိုဂိုးပြတ်အနိုင်ယူပြီးချန်ပီယံဆုဆွတ်ခူးသွားတာဖြစ်ပါတယ်။ကာတာအသင်းဟာပွဲစဉ်တောက်လျောက်လည်းပေးဂိုးတစ်ဂိုးသာပေးရပြီးခံစစ်အကောင်းဆုံးအသင်းဖြစ်ခဲ့တာပါ။

ကာတာအသင်းဟာကမ္ဘာဖလားကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပရမှာဖြစ်တာကြောင့်ခုတည်းကပြင်ဆင်မှုတွေကိုခုတည်းကလုပ်ထားတာဖြစ်ပါတယ်။ကာတာအသင်းရဲ့တိုက်စစ်ဟာလည်းပွဲတိုင်းမှာဂိုးပြတ်နိုင်ပွဲတွေနဲ့အနိုင်ယူပြီးချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တာပါ။ဒီနှစ်အာရှဖလားပွဲအပြီးမှာတော့ဒီပြိုင်ပွဲမှာခြေစွမ်းပြတဲ့ကစားသမားတွေဟာဥရောပရဲ့အဆင့်မြင့်ဆုံးကလပ်တွေကိုရောက်ရှိခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာတော့ပရိသတ်တွေအကောင်းဆုံးသွင်းဂိုးတွေကိုပရိသတ်တွေမြင်တွေ့ခဲ့ရတာပါ။ဒီပြိုင်ပွဲမှာအသင်းတိုင်းဟာအကောင်းဆုံးကြိုးစားတာကြောင့်ပွဲစဉ်တိုင်းကအကြိတ်အနယ်ရှိခဲ့တာပါ။ကာတာအသင်းဂျပန်ကိုဗိုလ်လုပွဲမှာသွင်းတဲ့ဂိုးတွေကလည်းဒီနှစ်အာရှဖလားမှာအကောင်းဆုံးဂိုးအဖြစ်မြင်တွေ့ခဲ့တာပါ။မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်လည်းဒီနှစ်အာရှဖလားရဲ့အကောင်းဆုံးသွင်းဂိုးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:AFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။