အနုပညာအလုပ်တွေနဲ့ ဆယ်စုနှစ်ကျော်ကြာဝေးကွာနေတဲ့ စမိုင်းလ်တစ်ယောက် အေးချမ်းသာယာတဲ့ သူမရဲ့မိသားစုဘဝလေးမှာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့နှစ်ယောက်အတူ ကြိုးစားလာခဲ့ကြပြီး ပြည့်စုံကြွယ်ဝတဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်နေနိုင်ကြပြီပဲဖြစ်ပါတယ်။ သူမတို့ ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပြီး အပြန်အလှန် Surprise တွေ လုပ်ပေးနေကြတာကြောင့် ပရိသတ်တော်တော်များများကလည်း အားကျလို့နေပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။

ကလေးမွေးထားလို့ အဆမတန်တက်လာတဲ့ သူမရဲ့ခန္ဓာကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော်ကို စိတ်ဓာတ်ပြင်းထန်စွာနဲ့ အပြတ်အသတ် ကြိုးစားပြီး Gym ကစားခဲ့တာမို့ လက်ရှိမှာတော့ ကျော့ရှင်းလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာလေးကို ပြန်လည်ပြောပြထားတဲ့ " Sharing is Caring " ဆိုတဲ့ စာအုပ်လေးကို သူမကထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာလည်း ပရိသတ်တော်တော်များများအတွက် အသုံးဝင်မယ့်စာအုပ်လေးဖြစ်တာမို့ အတော်လေးကိုလည်း မှာတဲ့သူတွေများတယ်လို့ဆိုပါတယ်။

သူမရဲ့စာအုပ်လက်မှတ်ထိုးပွဲမှာ လက်ဆောင်တွေဝိုင်းပေးကြတဲ့ ပရိသတ်တွေကြောင့် " အရမ်းပင်ပန်းပေမဲ့အရမ်းပျော်တယ် အနုပညာအလုပ်မလုပ်တာ ၁၅နှစ်လောက်ရှိပေမဲ့ခုထိချစ်ခင်အားပေးပေးတဲ့လူတွေရှိနေတဲ့အတွက်အတိုင်းမသိဝမ်းသာကြည်နူူးရပါတယ်.. ချစ်ပေးကြတဲ့သူတွေအားလုံးကျေးဇူးအထူးပါနော် .. သဘက်ခါမန္တလေးမှာတွေ့မယိနော် " ဆိုပြီး သူမရဲ့ခံစားချက်တွေကို လူမှုကွန်ယက်ကနေတဆင့်ပြန်လည်ပြောပြလိုက်တာပဲဖြစ်ပါတယ်။

Photo - Smile စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။