အမေရိကန် နိုင်ငံဆိုင်ရာ အာဖဂန်သံ အမတ်ကြီးကတော့ လက်ရှိအချိန်မှာ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားတဲ့နေရာမှာတော့ အလားအလာကောင်းတွေရှိနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သတ်ရင်တော့ ညှိနှိုင်းစရာ အခန်းကဏ္ဍ နည်းနည်းပဲရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာဆိုရင်လည်း အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး စစ်ပွဲကို အဆုံးသတ်ရေး အစ္စလာမ္မစ် အမာခံ လှုပ်ရှားသူတွေနဲ့ ဆွေးနွေးပွဲတွေ အရှိန်မြှင့်လုပ်ဖို့ အရေးကြီး ကြောင်း ပြောကြားထားပါတယ်။ 

ဒါ့အပြင် ထရမ့်ဟာ တာလီဘန်တွေနဲ့ ညှိနှိုင်းရာမှ ရလာမယ့် တိုးတက်မှုတွေထဲမှာ တပ်အင်အားလျှော့ချရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အာရုံစိုက်ရမယ်လို့ လည့်း ပြောကြားထားပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာဆိုရင်လည်း တာလီဘန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ကိုလည်း စီစဉ်ထားကြောင်းသိရပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။