ရွှေနှစ်ရွှေစုံတွဲလို့ ပရိသတ်အများကချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော်ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီး ရွှေမှုန်ရတီတို့ကိုသိကြမယ်ထင်ပါတယ်နော်။ သူတို့စုံတွဲလေးဟာဆိုရင် ရှေ့သွားနောက်လိုက်ညီလှပြီး တတိုင်းပြည်လုံးရှိ ပရိတ်သတွေရဲ့ ချစ်ခင်အားပေးမှုကို စဉ်ဆက်မပြတ် လက်ခံရရှိထားတာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်မြတ်နိုးကြပြီး မျက်စိအောက်ကပျောက်မခံသူတွေပဲဖြစ်ကြပါတယ်။ အချိန်တိုင်းနေရာတိုင်းမှာ romantic ဆန်ဆန် အလှပုံရိပ်လေးတွေကို ဖန်တီးလေ့ရှိကြပြီး ပရိသတ်အပေါင်းတို့ ကြည့်ရှုခံစားရအောင်လည်း မျှဝေပေးလေ့ရှိကြတာဖြစ်ပါတယ်။ ရွှေနှစ်ရွှေဟာ နတ်ဖက်တဲ့စုံတွဲလေးဖြစ်ပြီး အားမကျတဲ့သူ မရှိသလောက်အောင်ပင် ရှားပါးတာဖြစ်ပါတယ်နော်။

နှစ်ကိုယ်တူပူးတွဲ၍ ပေါင်းစပ်သီဆိုထားတဲ့ "အမှား" သီချင်းဗီဒီယိုလေးဟာဆိုရင်လည်း social media လောကမှာ လူငယ်ပရိသတ်တွေကြား ရေပန်းအလွန်စားခဲ့တာဖြစ်ပါတယ်။ ရွှေမှုန် နှင့်ရွှေထူးတို့ဟာဆိုရင် နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြပြီး အောင်မြင်မှုတွေက တစ်ဆပြီးတစ်ဆ တိုးပွားလာတာဖြစ်ပါတယ်။ အခုလတ်တလောမှာဆိုရင်တော့ နိုင်ငံရပ်ခြားဒေသများကို ပျော်ရွှင်ချမ်းမြေ့စွာ ခရီးတွေ တောက်လျှောက် ထွက်နေတာဖြစ်ပါတယ်။ စိတ်တူကိုယ်တူရှိလှတဲ့ နှစ်ယောက်က ပေါင်းစပ်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလေး ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကြီးအနေနဲ့ အလွန်ပင်သာယာချမ်းမြေ့ဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။

ခရီးထွက်ရတာ ဝါသနာပါတဲ့ ရွှေထူးနဲ့ ရွှေမှုန်လေးဟာဆိုရင်တော့ အခုတစ်ခါမှာဆိုရင်လည်း အင်ဒိုနီးရှား ပိုလာဘာဘီကျွန်းကိုပျော်ရွှင်ချမ်းမြေ့စွာ ရောက်ရှိနေကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် အမြဲဖော်ပြ တင်ဆက်ပေးလေ့ရှိတဲ့ သူတို့စုံတွဲလေးဟာဆိုရင်တော့ အခုတစ်ခါမှာဆိုရင်လည်း မြင်သူတိုင်းအားကျ မက်မောရလောက်တဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်စဖွယ် အလှပုံရိပ်လေးတွေနဲ့အတူ "Indonesia ပိုလာဘာလီကျွန်းလေးဝယ် ... သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ်" ဆိုတဲ့ Status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source Shwe Mhone Yati 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။