ဒီတစ်ခါလည်း ဘယ်တက္ကသိုလ်က အလှဘုရင်မလေးတွေပါလိမ့်

စိုင်းစိုင်းရဲ့ SAI Cosmetix ဟာဆိုရင် lipstick တွေသာမကပဲ Eyeshadow, Eyeliner တွေနဲ့ Hightlighter တွေပါထုတ်သွားမှာဖြစ်ပြီး လူငယ်တွေကြားမှာ တော်တော်လေးရေပန်းစားနေပါတယ်။ အထူးသဖြင့် အမျိုးသမီးပရိသတ်ကြီးရဲ့ အားပေးမှုတခဲနက်ရနေတာပဲဖြစ်ပါတယ်။

SAI Cosmetix ကြော်ငြာတွေကို အရင်က နာမည်ရပြီးသားမော်ဒယ်ချောချောလေးတွေနဲ့ ရိုက်ကူးပေမယ့် အခုတစ်ခါမှာတော့ထူးခြားတဲ့အစီအစဉ်လေးအနေနဲ့ တက္ကသိုလ်ကျောင်းသူတွေဖြစ်တဲ့ အလှဘုရင်မ (Queen) များနှင့် ရိုက်ကူးထားပါတယ်။ 

အခုတွေ့မြင်ရတာကတော့ ရန်ကုန်တက္ကသိုလ်က တတိယနှစ် ဥပဒေကျောင်းသူလေး မဖုန်းသီရိကျော်ပဲဖြစ်ပါတယ်။ တတိယနှစ် Law ရဲ့ အလှဘုရင်မတစ်ဦးပဲဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ မန္တလေးဆေးတက္ကသိုလ် Final Part-2 မှ အလှနတ်သမီးလေး မနန်းဖူးဖူးမွန်ပဲဖြစ်ပါတယ်။

မော်ဒယ်လေးတွေမဟုတ်သော်လည်း နတ်သမီးလေးတွေအလားလှပကျော့ရှင်းကြသူတွေဖြစ်လို့ အားပေးလိုက်သူပရိသတ်တွေပေါလာမယ်လို့ထင်ပါတယ်။ 

Source: SAI Cosmetix

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။