ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲက သရုပ်ဆောင်မင်းသမီးတွေကြားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နေရာတစ်ခုကိုပိုင်ပိုင်နိုင်နိုင်ရရှိထားပြီး ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေကိုတစ်ခဲနက်ရရှိထားတဲ့ မင်းသမီးလေးဆုအိမ့်စံကို ပရိတ်သတ်ကြီးသိမှာပါနော်။ အရုပ်မလေးလိုချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ အမိုက်စား အကိတ်တလိုင်းခန္ဓာကိုယ်လေးက ပုရိသပရိတ်သတ်တွေကိုရင်အခုန်မြန်စေနိုင်တဲ့အကြောင်းရင်းတွေထဲကတစ်ခုပါပဲနော်။

သူမဟာ သူမလိုမျိုးပဲ သရုပ်ဆောင်အနုပညာလောကမှာအောင်မြင်တွေရရှိထားတဲ့ မင်းသား သူရိယနဲ့ ရွှေလက်တွဲချစ်သူတွေဖြစ်ကြပြီးတော့ နတ်ဖက်သလိုအရမ်းကိုလိုက်ဖက်တဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တာကြောင့်ပရိတ်သတ်တွေကတောင်အားကျနေရပါသေးတယ်။အခုအချိန်မှာလည်း သူမတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောင်ထားတဲ့ သာယာတည်ငြိမ်တဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားပါတယ်နော်။

ကလေးလေးလိုဖြူစင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သူမဟာ ဘယ်လိုဖက်ရှင်မျိုးလေးကိုပဲဖြစ်ဖြစ် ဝတ်လိုက်တာနဲ့အရမ်းကိုလိုက်ဖက်သွားတဲ့ ခန္ဓာကိုယ်လှလှလေးရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း လူငယ်ဆန်ဆမ်ပေါ့ပေါ့ ပါးပါး ကိုရီးယားစတိုင်ဖက်ရှင်လေးကို ဝတ်ကာရိုက်ထားတဲ့ပုံရိပ်လေးတွေကို လူမှုစာမျက်နှာပေါ်မှာမျှဝေပေးထားခဲ့ပြန်ပါတယ်။ အရမ်းကို ဖြူဖွေးပြီး လှပနေတဲ့ ခန္ဓာကိုယ်အောက်ပိုင်းအလှကြောင့် ပုရိသပရိတ်သတ်တွေရင်အခုန်မြန်ခဲ့ရပါတယ်နော်။ကဲ... ဒီပုံရိပ်လေးတွေကိုလည်း ချစ်ပရိတ်သတ်ကြီးအတွက် ထပ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။