ခင်ရူပကတော့မော်ဒယ်လောကမှာ ပရိတ်သတ်တွေသိရှိပြီးသား အသိအမှတ်ပြုခံထားရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ သွယ်လျတဲ့ခန္ဓာအမိုက်စားလေးကြောင့် မော်ဒယ်လောကမှာ အောင်မြင်ရရှိခဲ့သူလေးဖြစ်ပါတယ်။ခင်ရူပကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ချစ်သူနဲ့ လက်ထပ်ထိမ်းမြားလိုက်ပြီ ဖြစ်ပါတယ်။

မော်ဒယ်ခင်ရူပကတော့ သူမရဲ့မင်္ဂလာပွဲလေးမှာ သူမကိုယ်တိုင် သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့သလို ကြွရောက်လာတဲ့ အနုပညာရှင်တွေနဲ့လည်း ပွဲလေးက တကယ့်ကိုစည်ကားသိုက်မြိုက်ခဲ့တာ တွေ့ရပါတယ်။ မော်ဒယ် ခင်ရူပနဲ့ စည်သူအောင်တို့ရဲ့ မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့၊ Novotel Hotel မှာ ခမ်းနားစွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ယနေ့မှာတော့ မော်ဒယ် ခင်ရူပနဲ့ စည်သူအောင်တို့ရဲ့ Pre weddingပုံရိပ်လေးတွေဟာ ကြည့်ရူသူရင်ကိုအေးချမ်းစေခဲ့ပါတယ်။ ၂၀ရာစုနှစ်က ရှေးဆန်တဲ့ဖက်ရှင်လေးနဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ခင်ရူပရဲ့ Pre weddingပုံရိပ်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

source:ခင်ရူပ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။