မြန်မာနိုင်ငံကသာမက ကမ္ဘာကပါ လေးစားအားကျခဲ့ရတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ကို အမေရိကန်နိုင်ငံက ဂုဏ်ပြုသောအနေဖြင့် အမေရိကန်နိုင်ငံ၊ နယူးယောက်စီတီးမြို့၏ အရှေ့ဘက်မြစ် (East River) အတွင်းမှာရှိသော ကျွန်းငယ်လေးကို ဦးသန့်ကျွန်းဆိုပြီး နာမည်ဖြင့် ပြောင်းလဲ ပေးခဲ့ပါတယ်။ အဆိုပါ ကျွန်းငယ်လေးဟာ ကုလသမဂ္ဂရုံးချုပ်နှင့် ဂမ့်တရီပလာဇာ စတိပ် Gantry Plaza State ပန်းခြံကြား၌ရှိသော အရှေ့ဘက်မြစ်အတွင်းမှာရှိတဲ့ ကျွန်းငယ်လေး ပဲ ဖြစ်ပါတယ်။ 

တစ်ကယ်တော့ ဒီကျွန်းလေးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ကျွန်းမဟုတ်ပဲ လူလုပ်ကျွန်းလေးတစ်ကျွန်းသာ ဖြစ်ပါတယ်။ ဒီကျွန်းလေးကို ၁၉၇၇-ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများ၏ အားထားလေးစား သော ဒဿနပညာရှင်၊ ဂုရု Sir Chinmoyက ဦးဆောင်ပြီး အတည်ပြုပေးလိုက်ပါတယ် ။ Sir Chinmoyဟာ ဦးသန့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးလည်းဖြစ်တာကြောင့် Sir Chinmoy ကိုယ်တိုင် ဒီကျွန်းလေးကို ဦးသန့်ကျွန်း (U Thant Island)ဟု အမည်ပေးလိုက်ပါတယ်။  

ဒီကျွန်းလေးရဲ့ အရွယ်အစားဟာ ပေ ၁ဝဝx၂ဝဝ ပတ်လည်သာရှိပြီး ကမ္ဘာ့အထူးဆန်းဆုံး ကျွန်းဆယ်ခုထဲမှာလည်း ပါဝင်နေတဲ့ ကျွန်းလေးလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အသေးငယ်ဆုံးသော ကျွန်းကလေး ဖြစ်ပြီး ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမှော်ရေညှိများတွယ်ပြီး လှပနေသော ဦးသန့်ကျွန်းလေးသည် ကမ္ဘာပေါ်တွင် နာမည်ကြီး ထင်ရှားစွာ၇ှိနေပါတယ်။ 

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။