ပရိတ်သတ်ကြီးရေ အာဇာနည်နဲ့ဝမ်းတို့က အိမ်ထောင်တစ်ခုကို ထူထောင်လိုက်တာ ၁၅ နှစ်ပြည့်လို့ သလင်းရတုကို တိုင်ခဲ့ပြီ ဖြစ်ပါတယ်။အာဇာနည်နဲ့ဝမ်းက အိမ်ထောင်စကျကတည်းက ဘဝကို ရုန်းကန်ကြိုးစားခဲ့ကြသူတွေမို့အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု့တွေ ဖေးမမှုတွနဲ့ တည်ဆောက်ထားကြလို့ ခိုင်ခိုင်မြဲနေပြီး သာယာတဲ့ အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်။ဇနီးသည် ဝမ်းကိုလည်း အရမ်းချစ်လွန်းလို့ အပိုင်ရအောင် ကြိုးစားပြီး ယူထားတာပါနော်။

အခုဆိုရင်တော့ အာဇာနည်တို့ ဇနီးမောင်နှံမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ပြီးပြည့်စုံတဲ့မိသားစုလေးဖြစ်လို့ ပရိတ်သတ်တွေက အားကျနေရပြီး ချစ်နေရတာပါနော်။သားလေးနှစ်ယောက်ကလည်း ချစ်စမွှေးပါကြပြီး လူချစ်လူခင်ပေါများနေတဲ့ ကလေးလေးနှစ်ယောက်ပါ။ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လို့ ချစ်စရာနာမည်လေးတွေပေးထားပြီး ချစ်ချစ်လေးဆိုရင် အရမ်းကို ချစ်စရာကောင်းလွန်းလို့ လူချစ်လူခင်ပေါတဲ့ ကလေးလေးဖြစ်ပါတယ်။ 

အာဇာနည်ရဲ့ မွေးနေ့လေးက မကြာသေးမီကမှ ပြီးသွားခဲ့ပြီး မွေးနေ့လေးမှာ အလှူအတန်းတွေအများကြီးနဲ့ ကုသိုလ်ကောင်းမှုတွေအများကြီးလည်း ပြုလုပ်ခဲ့ပါသေးတယ်။အာဇာနည်ရဲ့ အပေါင်းအသင်းမိတ်ဆွေများကလည်း အာဇာနည်အတွက် မွေးနေ့ suprise လေးလုပ်ပေးခဲ့တဲ့အပြင် ချစ်ဇနီးလေးဝမ်းကလည်း ယောကျာ်းဖြစ်သူအရမ်းကြိုက်နှစ်သက်ရတဲ့ (ဆရာပေါ်သိန်း) ရဲ့ ပန်းချီလေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့လို့ အာဇာနည်က "ကျေးဇူးပါ မိန်းမ"ဆိုပြီး အပြန်အလှန်နားလည်မှုလေးတွေနဲ့ ကြည်နူးစရာကောင်းတဲ့ စုံတွဲလေးပါနော်။ 

Source:Zarni Myonyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။