လူရွှင်တော် ဝိုင်းချစ်ကတော့ လူရွှင်တော်တစ်ယောက်ဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေမှာလဲမကြာခဏ ပါဝင်သရုပ်ဆောင်တက်တဲ့ စွယ်စုံရအနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေကို ရယ်မောစရာတွေနဲ့ ပျော်ရွှင်မှုတွေအမြဲပေးတဲ့ လူရွှင်တော် ဝိုင်းချစ်ကတော့မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားပြီး မိခင်အိုတစ်ဦးလည်း ယနေ့အထိလုပ်ကျွေးပြုစုနေရသူတစ်ယောက်ဖြစ်တာတွေ့ရပါတယ်။  

ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွေအပါအဝင် အငြိမ့်ဟာသအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရပြီး ပရိသတ်တွေအမြဲမှတ်မိနေတဲ့ ဟာသလူရွှင်တော်ကြီးတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ မိသားစုကို ပျော်ပျော်ရွှင်ရွှင်ထားနိုင်သူတစ်ယောက်ဖြစ်သလို မိခင်ဖြစ်သူအတွက်လည်း တက်နိုင်သည့်ဘက်က အကောင်းဆုံး ဖြည့်ဆည်းပေးတက်သူတစ်ယောက်ဖြစ်တာကိုတော့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဝိုင်းချစ်ရဲ့ အပြုအမှုလေးကတော့ သက်သေပြခဲ့ပါပြီ။  

အဆိုပါ ဝိုင်းချစ်ရဲ့ဓာတ်ပုံလေးကတော့ လွိုင်ကော်မှာရှိနေတဲ့ မိခင်ဖြစ်သူထံကိုယ်တိုင်သွားရောက်ကန်တော့ခဲ့တာဖြစ်ပြီး မိခင်ကိုလည်း ကျန်းမာအါသက်ရှည်ဖို့ ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။ အောင်မြင်ချိန်ကထဲကနေအမြဲမိခင်အပေါ်သိတက်တဲ့ ပရိသတ်အချစ်တော်ဝိုင်းချစ်ရဲ့ ပုံရိပ်လေးတွေကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - WINE CHIT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။