BTS အဖွဲ့ရဲ့ Album ဖြစ်တဲ့ Love Yourself ဟာဆိုရင် Grammy ဆုပေးပွဲမှာ စာရင်းပေးသွင်းခံခဲ့ရပေမဲ့ ကံဆိုးစွာပဲ ဆုမရခဲ့ကြပါဘူး။ ဒါပေမဲ့ သူတို့ဟာ ဂုဏ်ယူခဲ့ကြပြီး ပရိသတ်တွေဟာလဲ ဂုဏ်ယူခဲ့ကြပါတယ်။ BTS အဖွဲ့ဝင် J-Hope က " ဒါဟာဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်...ကျွန်တော်တို့လဲ ဒီပွဲအတွက် တကယ်ကျေနပ်ပီတိဖြစ်ပြီး ပျော်ရွှင်ခဲ့ကြပါတယ် " လို့ RM က ARMY ကိုကျေးဇူးတင်ကြောင်း ပြောဆိုနေတဲ့ချိန်မှာ ပြောကြားခဲ့ပါတယ်။ ဟုတ်လဲဟုတ်ပါတယ်....ဒါဟာဂုဏ်ယူစရာပါပဲ...။ 

RM က " ကျွန်တော်တို့ အခုချိန်မှာ ခတ်ခတ်ခဲခဲ လေးလေးနက်နက် ကြိုးစားနေကြပါတယ်...နောက်ထပ်ထွက်လာမဲ့ Album အတွက် ကြိုးစားနေကြပါတယ်...ပြီးတောာ့ အဲ့ Albumကလဲ မကြာခင် ထွက်ရှိတော့မှာပါ " လို့ပြောသွားခဲ့ပါတယ်။ BTS Army ကြီးလဲ သူတို့ဆုမရပေမဲ့ သူတို့ဂုဏ်ယူစရာ ကိစ္စကိုလုပ်ဆောင်နိုင်ခဲ့လို့ စိတ်ကျေနပ်မယ်ထက်ပါတယ်။ သူတို့စာရင်းတင်သွင်းခြင်းခံရတဲ့ ဆုကတော့ " Best Recording Package " ပဲဖြစ်ပါတယ်။ 

" Best Recording Package " ဆုကိုတော့ 'Masseduction' Willo Perron, art director ကရရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေ BTS ရဲ့ ARMY ကတော့ သူတို့အဖွဲ့ကို အားပေးနှစ်သိမ့်တဲ့ Post တွေ Twitter အပြင်တခြား Social Media ပေါ်တွေမှာ တင်ခဲ့ပါတယ်။ BTS ကလဲအသိအမှတ်ပြုတဲ့ အနေနဲ့ ARMY နဲ့အတူ Live Show လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် အသစ်ထွက်ရှိလာမဲ့ BTS ရဲ့ Album အသစ်ကိုစောင့်မျှော်ရင်း ခံစားလိုက်ပါနော်....။

Source : Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။