ပရိသတ်ကြီးရေ.. MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပီပြင်တဲ့ သရုပ်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေးတွေထဲမှာ ခေးဆက်သွင်ကလည်း အပါအဝင်ပါပဲ..။
MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရင်ထဲ ရောက်ရှိလာခဲ့တဲ့ ခေးဆက်သွင်ကတော့ လတ်တလောမှာလည်း MRTV-4 က ထုတ်လွှင့်ပြသနေတဲ့ “သာမိုမီတာ” ရုပ်သံဇာတ်လမ်းတွဲမှာ “ဖူး” ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်တာလည်း တွေ့ရပါတယ်နော်..။



ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ (၂၃)ကြိမ်မြောက် အောင်ဘာလေထီဆုကြီးမှာ ငါးသောင်းဆုပေါက်ပေမယ့် ထီလက်မှတ်ပေါက်နေတယ်ဆိုပြီး “ထီ ငါးသောင်းဆုပေါက်တာ
ထီလက်မှတ်ဘယ်တုန်းက
လွှင့်ပစ်လိုက်လဲ
မသိဘူး
ပျောက်နေလေရဲ့..” ဆိုကာ ဖေဖော်ဝါ(၁၀)ရက်နေ့ ညက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။
ထီလက်မှတ်ပျောက်သွားလို့ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း စိတ်မကောင်ဖြစ်ခဲ့ကြပြီး နာရီပိုင်းအတွင်းမှာ ထီလက်မှတ်ပြန်ရှာတွေ့တဲ့ အကြောင်းလေးကိုလည်း ပရိသတ်တွေကို ပြန်လည်ပြောပြထားပါသေးတယ်..။



ပရိသတ်ကြီးတို့ရဲ့ အချစ်တော်လေး ခေးဆက်သွင်ကတော့ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားခဲ့ပေမယ့် ပြန်ရှာတွေ့ခဲ့တာမို့ သူမရဲ့ကံကောင်းခြင်းတွေနဲ့ အပျော်လေးတွေ မပျက်ခဲ့ပါဘူးနော်..။
ချစ်စရာကောင်းတဲ့ ခေးလေးရဲ့ သတင်းကောင်းလေးနဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Photo - ခေးဆက်သွင်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။