မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးအောင်သူကတော့ဒီနှစ်ဘောလုံးရာသီမှာထိုင်းပရီးမီးယားလိဒ်သို့ဒုတိယရာသီအဖြစ်ကစားမှာဖြစ်ပါတယ်။အောင်သူဟာဒီနှစ်မှာတော့ထိုင်းထပ်သီးကလပ်မြောင်တောင်အသင်းမှာကစားတော့မှာဖြစ်ပါတယ်။မြောင်တောင်အသင်းဟာထိုင်းထိပ်သီးကလပ်ဖြစ်တာကြောင့်အောင်သူအတွက်တော့အတွေ့ကြုံကောင်းတွေရရှိစေမှာဖြစ်ပါတယ်။

ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲဟာမကြာခင်ရက်ပိုင်းမှာကျင်းပမှာဖြစ်တာကြောင့်ခုမှာအသင်းရဲ့လေ့ကျင့်ခန်းတွေခြေစမ်းပွဲတွေကိုပါဝင်ကစားနေတာဖြစ်ပါတယ်။ခြေစမ်းပွဲတွေမှာလည်းအောင်သူအနေနဲ့ခြေစွမ်းတွေပြနေတာကြောင့်ထိုင်းပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

အောင်သူကတော့မြောင်တောင်အသင်းကိုမရောက်ခင်တည်းကPOLICE TEROအသင်းမှာခြေစွမ်းတွေပြခဲ့တာကြောင့်ထိုင်းပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာပါ။ခြေစွမ်းပြဂိုးတွေကိုအများဆုံးသွင်းယူခဲ့တာကြောင့်ထိုင်းထိပ်သီးကလပ်တွေကအဲ့ချိန်ကတည်းကခေါ်ယူဖို့စိတ်ဝင်စားနေခဲ့တာပါ။ပရိသတ်တွေအတွက်လည်းထိုင်းလိဒ်ကအောင်သူရဲ့သွင်းဂိုးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။