ပရိတ်သတ်ကြီးရေ သန္တာလှိုင်ဆိုတာ တစ်ခေတ်ရဲ့ အရမ်းမိုက်တဲ့ ကြော်ငြာမင်းသမီးတစ်လက်ပါ။အခုနောက်ပိုင်းလည်း ကြော်ငြာများကို လက်ခံရိုက်ကူးနေပြီး အမိုက်စား Body structure နဲ့ ယခုချိန်ထိ လှပပျိုမျစ်နုနယ်နေဆဲဖြစ်လို့ မိန်းကလေးပရိတ်သတ်တွေအားကျရတဲ့ အလှပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ကြော်ငြာတွေမှာဆိုလည်း သူမရဲ့ကြော်ငြာတွေကို Billboard တွေထောင်ပြီး ခမ်းနားဝင့်ထည်စွာ နေရာပေးထားပါတယ်။ရတနာပစ္စည်းကြော်ငြာတွေဆိုရင် ခမ်းနားလွန်းလို့ မြင်ခဲ့တဲ့ပရိတ်သတ်တွေတောင် ချက်ချင်းပြေးဝယ်ချင်ရလောက်အောင် ရက်ရက်စက်စက်လှနိုင်လွန်းတဲ့ သူမပါ။

သက်လက်ပိုင်းအရွယ်ကိုရောက်နေပေမယ့် လှနိုင်လွန်းတဲ့ သူမဟာဆိုရင် မိန်းကလေးတွေရဲ့ အလှအပတွေအတွက်လည်း နည်းမှန်လမ်းမှန်လေးကို မျှဝေတတ်ပါသေးတယ်။သန္တာလှိုင်က သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်ထားပြီး သားတစ်ယောက်သမီးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားလို့ ပျော်ရွှင်ချမ်းမြေ့ရတဲ့ မိသားစုလေးဖြစ်ပါတယ်။သန္တာလှိုင်က အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ လိုလေသေးမရှိအောင် ဂရုစိုက်တတ်တဲ့ မိခင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

သန္တာလှိုင်က သူမရဲ့ ကလေးနှစ်ယောက်နဲ့ပတ်သက်ပြီး "မိဘတစ်ယောက်အနေနဲ့ ကျွန်မဘယ်လို ခံယူထားသလဲဆိုတော့... သူတို့လေးတွေ ဘဝမှာ သူတို့ဘာဖြစ်ချင်သလဲဆိုတာက ကျွန်မရဲ့ ဆန္ဒပါပဲလို့..... အခုသူတို့လေးတွေ ကြီးလာလေ ပိုပြီး ကျွန်မတို့တွေ တစ်ယောက်ကို တစ်ယောက် ပိုပြီးတန်ဖိုးထားတတ်လာလေပါပဲ" ဆိုပြီး သူမတို့ရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့ စိတ်ခံစားချက်လေးကို မျှဝေထားပါတယ်နော်။

Source:Thandar Hlaing သႏၲာလွိူင္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။