မန်ယူအသင်း ဂိုးသမားဒီဂီယာဟာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေသော်လည်း အသင်းရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်သည့် ဆန်းချက်ရရှိနေသည့်လုပ်ခလစာပမာဏအတိုင်းအတာ ရရှိမှသာ စာချုပ်သစ်ချုပ်ဆိုမှာပဲ ဖြစ်ပါတယ်။ သူဟာ မန်ယူအသင်းတွင် အကောင်းဆုံးလက်စွမ်းပြနေသည့် ဂိုးသမားဖြစ်ပြီး ခြေစွမ်းပြရန် ရုန်းကန်နေရသည့် အသင်းတိုက်စစ်မှူးဆန်းချက်ရရှိနေသည့် လုပ်ခလစာနည်းတူ ခံစားခွင့်ရသင့်သည့် ကစားသမားလည်း ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံးဂိုးသမားအဖြစ်ရပ်တည်နေသည့် ဒီဂီယာကို ဂျူပင်တပ်အသင်းက ခေါ်ယူသွားရန် စိတ်ဝင်စားနေသကဲ့သို့ပီအက်စ်ဂျီအသင်းကလည်း မြင့်မားသောလုပ်ခလစာဖြင့် သူ့ကိုခေါ်ယူသွားရန် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ ဒီဂီယာဟာ လက်ရှိစာချုပ်အရ မန်ယူအသင်းမှ တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့် ရှိနေသောကြောင့် မန်ယူအသင်းနှင့်် စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိသည်ဖြစ်ျစေ ၊ မရှိသည် ဖြစ်စေ မန်ယူအသင်းက တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုသွားမှာပဲ ဖြစ်ပါတယ်။  

အသက် ၂၈ နှစ်ရှိ ဂိုးသမား ဒီဂီယာဟာ ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်ကို ရောက်နေသည့် အခြေအနေဖြစ်နေသည့်အတွက် မန်ယူအသင်းက ၎င်းကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ရေး အတွက် ၎င်းအလိုရှိနေသည့် လုပ်ခလစာကို ပေးချေသွားဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

Soyrce - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။