single mother တစ်ယောက်အနေနဲ့ sexy model အလုပ်ကို စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်နေတဲ့ မော်ဒယ်လ်သရုပ်ဆောင် လုလုအောင်ကို ပရိသတ်ကြီးတို့အား အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ သူမရဲ့ဆွဲဆောင်မှုရှိရှိလှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးနဲ့ ပုရိသအပေါင်းကိုညှို့ယူဖမ်းစားနေတာဖြစ်ပါတယ်။ သူမရဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာအမူအထားလေးနဲ့ လူတိုင်းအပေါ်ပွင့်လင်းရိုးသားစွာ ဆက်ဆံပေါင်းသင်းတက်တဲ့ အတွက်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေသာကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။

သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ကူးနေတာဖြစ်ပြီး၊ ကြော်ငြာတွေလေးလက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ အခမ်းအနားပွဲလမ်းသဘင်တွေကိုလည်းဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံရှိထိတ်တန်းမော်ဒယ်လ်တစ်ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ခရီးသွားဝါသနာပါတဲ့ သူမရဲ့ ခရီးသွားအလှပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးကြည့်ရှုခံစားရအောင် အမြင်ထုတ်ဖော်ပြသပေးလေ့ရှိတာဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် ခေးကြီးလုကတော့ သူမရဲ့အနုပညာလှုပ်ရှားမှု၊ လတ်တလောအနုပညာလှုပ်ရှားမှုစတာတွေကို လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ အပြစ်ပြောရက်စရာမရှိလှအောင် အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်အလှပုံရိပ်လေးတွေနဲ့အတူ "ရွှာစပြန်ကတည်းက ရည်းစားရမယ်ဆိုတာ ကွကိုယ် confidence အပြည့်ရှိပြီးသား ဘာဖြစ်လို့လဲဆိုတော့ မျက်စိမိက်ပြီးရှာရင်တောင်ရတယ် Everything is ok" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source Lulu aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။