အဆိုတော်ဟန်ထူးဈာန်ကိုတော့ ချစ်ပရိသတ်ကြီး ချစ်မှာပါ။တတ်သစ်စ အဆိုတော်ဖြစ်ပေမဲ့လဲ ပရိသတ်တွေရဲ့တခဲနက်အားပေးခြင်းကိုရရှိထားတဲ့ ဟန်ထူးဈာန်ကတော့ ယခုမှာ အနုပညာအလုပ်တွေပြုလုပ်နေပြီး သူရဲ့ CELEBRITY ဆိုတဲ့ အခွေထွက်ရှိဖို့ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်နေပြီး အဆိုပါအခွေလေးထွက်ရှိလာချိန်မှာလဲ ပရိသတိတွေရဲ့ အားပေးမှုကိုရရှိထားပါတယ်။ 

မကြာခင်မှာတော့မြန်မာလူမျိုးတိုင်းပျော်ရွှင်ကြတဲ့ 2019သြင်္ကန်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဟန်ထူးဈာန်ကတော့ 2019သြင်္ကန်မှာ အပြတ်ဒွန့်လို့ရအောင် " ဒါငါ့သြင်္ကန် "ဆိုတဲ့ အလန်းစားသြင်္ကန်သီချင်းလေးကို လူမှုကွန်ယက်ပေါ်တင်ပေးခဲ့ပါတယ်။အဆိုပါသီချင်းလေးဟာ ယခုမှာ လူမှုကွန်ယက်ထက်မှာ ရေပန်းစားနေခဲ့ပါတယ်။ 

ဟန်ထူးဈာန်ကတော့ " အခုရောက်ရှိလာတော့မယ် 2019သြင်္ကန် မှာကဲဖို့ထပ်ပြီးတင်ပေးလိုက်ပါတယ် ဒါငါ့သြင်္ကန် ကရင်းဖျော်ဖြေတာလေးကိုချစ်တယ်ဆိုတဲ့ အားဆေးတွေအကြိုက် ပျော်ရွှင်စရာ နှစ်သစ်ကူး သြင်္ကန်လေးဖြစ်ပါစေ " ဆိုပြီးရေးသားထားခဲ့ပြီး ချစ်ပရိသတ်တွေအတွက် အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြပေးထားပါတယ်။

source: ဟန်ထူးဈာန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။