ပရိသတ်ကြီးရေ.. အမိုက်စားသီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိလာပြီး မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးျခစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် ဟိန်းမင်းသူကတော့ သူ့ရဲ့အမိုက်စားသီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ..။

ဖေဖော်ဝါရီ(၁၀)ရက်က ပရိသတ်တွေအတွက် တင်ပေးလိုက်တဲ့ ဟိန်းမင်းသူရဲ့ အမိုက်စား သီချင်းလေးကတော့ အမေရိကန်ရဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Wendell Rayနဲ့ အတူ တွဲဖက်သီဆိုဖန်တီးထားတာ ဖြစ်ပါတယ်..။

အဆိုတော်ချောလေး ဟိန်းမင်းသူနဲ့ အမေရိကန်အဆိုတော် Wendell Ray တို့ရဲ့ အမိုက်စားချင်းလေးကတော့ "BE WITH YOU" လို့ အမည်ပေးထားပြီး သီချင်းထွက်ရှိပြီး အချိန်တိုအတွင်း ကြည့်ရှု့သူများပြားနေတာ တွေ့ရပါတယ်..။

အမိုက်စားသီချင်းစာသားလန်းလန်းလေးတွေနဲ့ သံစဉ်မြူးမြူးလေးတွေကြောင့် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး MTV သရုပ်ဆောင်မှုပိုင်းမှာလည်း ထူးထူးခြားခြားလေး ဖန်တီးသရုပ်ဆောင်ထားကြမို့လည်း ပရိသတ်တွေကြား ရေပန်းစားနေတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဟိန်းမင်းသူကတော့ အဆိုပိုင်းမှာပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်နော်..။

လတ်တလောမှာ ကြည့်ရှု့သူများပြားနေတဲ့ ဟိန်းမင်းသူနဲ့ အမေရိကန်အဆိုတော် Wendell Ray အမိုက်စားသီချင်း MTV လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးဘိုက်ကြပါဦးနော်..။

Photo - ဟိန်းမင်းသူ၊ Wendell Ray

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။