ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၉၀% လောက်မှာ ဆီးချို သွေးချို ရောဂါလဏ္ခာတွေကို လေ့လာတွေ့ရှိချက်တွေ အရ သိရှိရပါတယ်။ ဆီးချို သွေးချို ရောဂါရှင်တွေက အစားအသောက် အနေအထိုင် အကုန်လုံးကို ဆင်ခြင်ရပြီး အခန့်မသင့်ရင် အသက်ကိုပါ ဆုံးရံှုးစေနိုင်တာကြောင့် ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆီးချို သွေးချိုရောဂါရှိတဲ့ ဝေဒနာရှင်တွေ များသောအားဖြင့် ထိခိုက်ကြတဲ့ ခြေထောက်မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါလဏ္ခာတွေနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။

(၁) ခြေကျင်းဝတ်နဲ့ ခြေဖမိုး နေရာတွေမှာ ရောင်ရမ်းခြင်း

(၂) ခြေထောက်များ လွန်စွာအေးစက်နေခြင်း

(၃) ခြေထောက် အရောင်ပြောင်းလာခြင်း

(၄) လမ်းလျှောက်စဉ် ခြေထောက်များ နာလာခြင်း

(၅) ခြေထောက်ပေါ်မှာ အနာများဖြစ်ပေါ်လာခြင်း

(၆) ခြေဖဝါးတွေမှာ အသားမာ တက်ခြင်း

(၇) ခြေထောက်ပေါ်မှာ အမွှေးအမျှင်များ မပေါက်တော့ခြင်း

(၈) အနာကျက် နှေးခြင်း စတဲ့ လဏ္ခာတွေကို ခံစားနေရပြီ ဆိုရင်တော့ လုံးဝပေါ့ဆလို့ မသင်ပါဘူး။

ဒါကြောင့် ဆီးချိုသွေးချို ရောဂါ ဝေဒနာရှင်တွေက ခြေထောက်မှာ ကွဲတာ ရှတာ အရည်ကြည်ဖုဖြစ်တာ အပူလောင် ဒဏ်ရာတွေရှိမရှိသေချာစစ်ဆေးသင့်ပါတယ်။ ခြေထောက်ကို ထိခိုက်ဒဏ်ရာမဖြစ်အောင် သင့်တော်တဲ့ ဖိနပ်တွေကိုလည်း အိမ်တွင်းမှာလည်း စီးပေးရပါမယ်။ ခြေသည်းများကိုလည်း သေချာ ညှပ်ပြီး သွေးမထွက်အောင် အသားနာကျင်မှုမရှိအောင် သေခ ျာ ဂရုစိုက်သင့်ပါတယ်။ ဆီးချို သွေးချို ရောဂါခံစားနေရသူတွေအတွက် အထူးသတိနဲ့ ယှဉ်ပြီး ဂရုစိုက်ကြဖို့ အကြံပြုချင်ပါတယ်နော်။

Source: healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။