K-POP ဟာဆိုရင်ကမ္ဘာပေါ်ကလူကြိုက်များတဲ့ ဂီတတစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာအနှံ့အပြားမှာ အောင်မြင်မှုရရှိနေတဲ့ ဂီတဖြစ်တာမို့ ပရိသတ်ကြီးလဲ သိကြမှာပါ။ မြန်မာနိုင်ငံက မိန်းကလေးတွေကြားမှာလဲ K-POP လောကဟာ အောင်မြင်လျက်ရှိပြီး ယောကျ်ားလေးတွေလဲ နောက်ပိုင်းမှာ စတင်ကြိုက်လို့လာခဲ့ပါပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ You Tube မှာကြည့်ရှူ့သူ သန်းချီကျော်သွားတဲ့ Video တွေကိုဖော်ပြမှာဖြစ်ပါတယ်။  

ပထမဆုံးပြောချင်တဲ့ video ကတော့ K-POP လောကမှာ ပထမဆုံး အမျိုးသမီးတစ်ယောက်တည်းဆိုတဲ့ BlACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie ရဲ့ " Solo " သီချင်းပဲဖြစ်ပါတယ်။ ဘာလို့ပထမဆုံး အမျိုးသီမးတစ်ယောက်တည်းဆိုတဲ့ သီချင်းအဖြစ်ဝင်လဲဆိုရင် ဘယ်သီချင်းကမှ တစ်ယောက်တည်းသီဆိုပြီး သူရဲ့ကြည့်ရှူသူ အရေအတွက်ကို မမှီလို့ပါ။ သူရဲ့ကြည့်ရှူသူ ဦးရေဟာဆိုရင် သန်း၂၀၀ကျော်ပါတယ်။ နောက် video ကတော့ BTS ရဲ့ Fake Love video ပဲဖြစ်ပါတယ်။ 

သူတို့သီချင်းကို ကြည့်ရှူသူအများဆုံးဖြစ်တဲ့ တတိယမြောက်သီချင်းဖြစ်ပါတယ်။ Fake Love ဟာဆိုရင် ၂၀၁၈ခုနှစ် မေလက “Love Yourself: Tear " Album နဲ့အတူတူထွက်ရှိလာတာပဲဖြစ်ပါတယ်။ ခုချိန်ထိအောင်မြင်မှုတွေရနေပါသေးတယ်.....ကြည့်ရှူသူဦးရေးကတော့ သန်း ၄၅၀ ကျော်ဖြစ်ပါတယ်။ နောက်ဆုံး Video ကတော့ BTS အဖွဲ့ရဲ့ ဒုတ်ယမြောက် လူကြည့်အများဆုံး Video ပဲဖြစ်ပါတယ်။ ကြည့်ရှူသူ သန်း၅၀၀ကျော်တဲ့ " Fire " သီချင်းပဲဖြစ်ပါတယ်။ BTS ရဲ့ပထမဆုံးလူကြည့်များတာကတော့ " DNA " သီချင်းပဲဖြစ်ကာ ကြည့်ရှူသူ သန်း၆၀၀ကျော်ပါတယ်။

Source : Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။