ယခုနောက်ပိုင်းမှာ ဆိုရင် တိုးတက်လာပြီဖြစ်တဲ့ ခေတ်နဲ့ အညီ ဘာမဆို လုပ်လို့ မရတာ မရှိသလောက်အောင် ရှားလာပါပြီ။ အားလုံးအတုတွေပေါနေတဲ့ ခေတ်မှာ အစစ်က တန်ဖိုး အရမ်းကြီးပါတယ်။ မယ်မဒီလေးတို့ သိကြတဲ့ အတိုင်း မိန်းကလေး တစ်ယောက်ရဲ့ ပြည့်စုံတဲ့ ရုပ်အင်္ဂါတွေဖြစ်တဲ့ ဆံပင်၊ မျက်နှာ ၊ရင် ၊ တင် ထို (၄)ချက်ကို ကြည့်ပြီး ယဉ်ခြင်း မယဉ်ခြင်းတို့ကို ရှေးယခင်က ဆုံးဖြတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက်က ရှိသင့်တဲ့ အလှရှိနေမှ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိစေတဲ့ အပြင် အများကြားမှာ ထင်ပေါ်လှပတဲ့ သူတစ်ယောက်လည်း ဖြစ်လာမှာပါ။

ဒီနေ့လေးကတော့ မယ်မဒီလေးတွေအတွက် အိမ်မှာနေရင်း လုံးဝန်းလှပတဲ့ တင်သားလေးကို ပိုင်ဆိုင်နိုင်ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်း တွေကို ပြန်လည် မျှဝေပေးထားပါတယ်။

(၁) ပထမဆုံး လေ့ကျင့်ခန်းလေးကတော့ ပြင်ညီပေါ်မှာ သင့်လက်ကို လေးဘက်ထောက်ပြီး ညာဘက်ဒူးကို ရင်ဘတ် ထိ ကွေးတင်ပြီး ခေါင်းကိုအသာညွတ်ထားလိုက်ပါ။ အသက်ကို ဖြေးဖြေး မှန်မှန်ရူပြီး တင်ပါးကြွက်သားတွေကို ဆန့်ထုတ်လိုက်ပါ။

(၂ ) အပေါ်က အနေအထားအတိုင်းပဲ ခေါင်းကို အနောက်ကို မော့ထားပြီး ခြေထောက်ကို ၄၅ ဒီဂရီ နောက်ကို မြှောက်လိုက်ပါ။ ၉၀ ဒီဂရီ မြှောက်ဖို့ မလိုပါဘူးနော်။

(၃) ကြမ်းပြင်မှာ လေးဖက်ထောက်အနေအထား အတိုင်းပဲ ၄၅ ဒီဂရီ မြှောက်လိုက်ပြီး ခြေထောက်ကို ရှေ့နောက် ရွေ့ပြီး ကစားပေးပါ။

ထိုနည်း (၄)ခု ကို ပုံမှန်အိမ်မှာ ဆော့ကစားပေးသွားမယ်ဆိုရင် မကြာခင်မှာ ဖွံ့ဖြိုးပြီး လှပတဲ့ တင်သားလေးတွေကို ပိုင်ဆိုင်နိုင်တဲ့ အပြင် တင်သား ပျော့တွဲခြင်း၊ ဗိုက်သားအဆီတွေကိုပါ လျော့ချပေးနိုင်တာကြောင့် တကယ့်ကို ထိရောက်တဲ့ ကစားနည်း (၄)ခုပဲ ဖြစ်ပါတယ်။ အလှဆုံး အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ မယ်မဒီလေးဖြစ်ဖို့ ဝေမျှပေးလိုက်တာပါနော်။

Source:healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။