ဂျပန်နိုင်ငံ ဟာဆိုရင် စက်ရုပ် တီထွင်တဲ့နေရာမှာ အတော်လေးကို ထူးချွန်တဲ့ အဆင့်လို့တောင် ပြောလို့ရပါတယ်။ သူတို့နိုင်ငံက တီထွင်လိုက်တဲ့ စက်ရုပ်တွေ ဟာ ဆန်းဆန်းပြားပြားဒီဇိုင်းတွေ အပြင် သူမတူ တဲ့ စွမ်းဆောင်ရည်တွေပါရှိပါတယ်။ ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ဂျပန် နိုင်ငံရဲ့ ပထမဆုံး ကားစက်ရုပ် အကြောင်း ကို ဖော်ပြပေးချင်ပါတယ် ။ 

အဆိုပါ စက်ရုပ်ကိုတော့ နာမည်ကြီး ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့ Transformer ဇာတ်ကားထဲက Optimus Prime ရဲ့ ပုံစံကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ စက်ရုပ် ကို ဂျပန်အင်ဂျင်နီယာတွေက ဖန်တီးပေးထားတာ ဖြစ်ပြီး ရုပ်ရှင်ကားထဲက စက်ရုပ်နဲ့ အတော်လေးကို ဆင်တူတယ်လို့ ပြောလို့ ရပါတယ်။ 

ထို စက်ရုပ်ကားဟာ အမြင့်ပေ ၁၂.၁ ပေရှိပြီး လူ၂ ယောက်ကို တင်ဆောင်ပေးနိုင်တယ်လို့ လည်း သိရပါတယ်။ ကားကနေ စက်ရုပ်အဖြစ် ပြောင်းလဲနိုင်ပြီး စက်ရုပ်အနေနဲ့ တစ်နာရီကို မိုင် ၁၀၀ နှုန်း သွားနိုင်တယ်လို့ လည်း ဆိုထားပါတယ်။ ယခုလို စက်ရုပ်တွေထွက်ရှိလာခြင်းဟာ အနာဂတ်အတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ချင်စရာကောင်းလှပါတယ်။  

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။