သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကတော့ အနုပညာရှင်အချင်းချင်းကတောင် အားကျချစ်ခင်ရတဲ့ စံပြစုံတွဲလေး ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက မင်းသမီးတစ်ဦးလို ချောမောလှပတဲ့ ချစ်ဇနီလေးအပြင် ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ စည်းစည်းလုံးလုံးနဲ့ ချစ်စရာကောင်းတဲ့ သူတို့မိသားစုလေးကတော့ မြင်သူတိုင်း လိုချင်တောင့်တရတဲ့ ပျော်ရွှင်စရာမိသားစုလေး ဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် လေးနက်တဲ့ချစ်ခြင်းတွေနဲ့ ချမ်းမြေ့သာယာတဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတဲ့ သူတို့စုံတွဲလေးက Romantic ဆန်လေ့ရှိကြပါတယ်။ အခုလည်း ပိုင်ဇေရဲထွန်းက " ဘေးနားမှာအမြဲရှိနေပေမဲ့ အကြည့်တွေလွှဲထားရတယ် အတူတူထိုင်နေဖြစ်ရင်လဲ မကြည့်မိအောင်နေနေပါတယ် ထမင်း လက်ဆုံစားရင်လဲ သူ ကိုမကြည့်ဘဲနေပါတယ် " ဆိုတဲ့ စာသားလေးတွေနဲ့ ဇနီးလေးအကြောင်းကို ပြောပြထားပါတယ်။

ပိုင်ဇေရဲထွန်းတစ်ယောက် ဇနီးကို အကြည့်လွှဲထားရတဲ့ အကြောင်းအရင်းကတော့ " အဘယ့်ကြောင့်ဆိုသော်ကြည့်မိရင် ချစ်ချစ် မိသွားလို့ပါ ps Ro တာမဟုတ်ရပါ " ဆိုပြီး ပြန်ပြောပြထားပါတယ်။ ဒါ့ကြောင့်လည်း ဇင်သဲနိုင်က " တကယ်ကဘေးနားမှာရှိပေမဲ့နားကြပ်တပ်ထားရတယ်(အရမ်းပွားလို့) ။ အတူထိုင်နေပေမဲ့အကြည့်လွှဲထားရတယ်(အခိုင်းခံရမှာစိုးလို့)။ ထမင်းလက်ဆုံစားလည်းမကြည့်အားဘူး(ဘေးမှာပေါက်စလေး၃ယောက်နဲ့ရှုပ်နေလို့) " ဆိုပြီးလည်း ခင်ပွန်းရဲ့ချစ်စကားလေးတွေကို ပြန်လည်တုံ့ပြန်ထားပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အရမ်းကို Romantic ဆန်ကြတဲ့ ချစ်စရာစုံတွဲလေးပါပဲနော်။

Source:Paing Zay Ye Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။