နယူးဇီလန်နိုင်ငံတောင်ပိုင်းက ရက်များစွာလောင်ကျွန်းနေတဲ့ တောမီးကြောင့် နိုင်ငံအတွင်းမှာ ထိခိုက်နစ်နာမှုတွေများစွာဖြစ်ပေါ်နေပါတယ်။]

လူနေအိမ်တွေလည်း ၎င်းမီးထဲပါဝင်သွားခဲ့သလို သစ်တောသယံဇာတတွေများစွာလည်း ဆုံးရှုံးသွားခဲ့ပါတယ်။ 

ဒါ့အပြင်၎င်းမီးကြောင့် ထောင်နဲ့ချီတဲ့ ဒေသခဲ့ပြည်သူတွေဟာလည်း နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေကြရပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းမီးကို အရှိန့်လျော့အောင် ထိန်းချုပ်ထားနိုင်ပြီဆိုပေမယ့် ရာသီဥတုအခြေအနေအရ ထပ်ဆိုးလာနိုင်ဖွယ်ရှိနေပါတယ်။  

တာဝန်ရှိသူတွေအနေနဲ့ဆိုရင်လည်း ၎င်းမီးကို ကြိုးစားညှိမ်းသတ်နေကြသလို မီးကို ကြိုးစားငြှိမ်းသတ်နေတဲ့ လုပ်အားပေးတွေ၊ မီးသတ်သမားတွေ ရဲတွေ၊ အရပ်ဘက် ကာကွယ်ရေးနဲ့ စစ်ဘက်အရာရှိတွေအတွက် စားစရာဝေပေးဖို့ ယာယီတဲတွေဆောက်လုပ်ပေးထားတယ်လို့လည်းသိရပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။