သရုပ်ဆောင်စည်သူမောင်တစ်ယောက် လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိနေသူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘဝလက်တွဲဖော်ကို မရွေးချယ်သေးပဲ နားလည်မှုဆိုတာ အချိန်တစ်ခုနဲ့ အခြေအနေတစ်ခုပေါ်မူတည်တယ်လို့ဆိုပါတယ်။ အနုပညာအလုပ်တွေလုပ်နေရတာမို့ အများကြီးနားလည်ပေးနိုင်တဲ့သူမှပဲအဆင်ပြေမယ်လို့ဆိုပါတယ်။

ကိုယ်တိုင်ကလည်းအားနည်းချက်တွေရှိတာမို့ လက်ရှိအချိန်မှာတော့ အချစ်ရေးကိုမစဉ်းစားသေးဘူးလို့ဆိုပါတယ်။ အနုပညာလောကထဲစဝင်ဝင်ချင်းမှာ Gay တွေ အနည်းငယ်ပဲရှိတယ်လို့ဆိုပါတယ်။ တစ်ချို့ကအုန့်ပုံးတွေများတယ်လို့လည်းဆိုပါတယ်။ အခုနောက်ပိုင်းမှ အတော်လေးပွင့်လင်းလာကြတယ်လို့ဆိုပါတယ်။ ဒီအပေါ်မှာလည်း လူနေမှုအသိုင်းအဝိုင်းက လက်ခံပေးကြတယ်လို့ဆိုပါတယ်။ အားလုံးက လူချင်းအတူတူပဲဆိုပြီး Respect ပေးကြတယ်လို့လည်းဆိုပါတယ်။

Gay တွေကလည်း ချစ်သလို အမျိုးသမီးတွေကလည်းချစ်ကြတယ်လို့ဆိုပါတယ်။ ကိုယ်တိုင်ကတော့ အမျိုးသမီးတွေကိုပဲရွေးချယ်ဖြစ်မယ်လို့ ဆိုပါတယ်။ တကယ်လို့ပွင့်မယ်ဆိုလည်း ဖွင့်ချလိုက်ပါလို့ဆိုပါတယ်။ ဥက္ကာမင်းမောင်ဆိုရင်လည်း သူ့ရဲ့အဖြစ်အပျက်တွေကိုအကုန်လုံး ဖွင့်ချပေးတယ်လို့ဆိုပါတယ်။ ဒါဟာအားနည်းချက်တစ်ခုမဟုတ်သလို ရှက်စရာတစ်ခုမဟုတ်ဘူးလို့လည်းဆိုပါတယ်။ သူ့ရဲ့စိတ်ခံစားမှုပေါ်မူတည်လို့ဆိုပါတယ်။

Exclusively on Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။