ချစ်ပရိတ်သတ်ကြီးရေ.... လတ်တလောမှာ အရမ်းကိုရေပန်းစားနေတဲ့ လိပ်ပြာစံအိမ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ပရိတ်သတ်ကြီးတို့သိမှာပါနော်။ အဲ့ဒီဇာတ်ကားထဲမှာပါဝင်တဲ့ ထူးခြားတဲ့ အရာတစ်ခုကတော့ သေပြီးသားသူတွေကို အသက်ရှိစဉ်ကလူတွေရဲ့ ပုံစံအတိုင်း နောက်ဆုံးအနေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့ Post mortem photographyဆိုတဲ့ နည်းပညာကိုထည့်သွင်းဖော်ပြထားခြင်းပဲဖြစ်ပါတယ်နော်။

ဒီဓာတ်ပုံရိုက်နည်းကတော့ သေပြီးသားသူတွေကို အနောက်ကနေ ခေါင်းကို ညှက်နဲ့ ငြိမ်အောင်ထိန်းပြီးရိုက်တဲ့ ပုံစံပါပဲ။ ဒီနည်းပညာဟာ ၁၈၃၉ ခုနှစ်အကုန်ပိုင်းလောက်ကနေစပြီးတော့ ခေတ်စားလာခဲ့ပြီး သေပြီးတဲ့သူတွေအတော်များများနဲ့ အမှတ်တရပုံရိပ်တွေကိုဖန်တီးနိုင်ခဲ့ကြပါတယ်။ အချို့ မျက်လုံးမပွင့်တော့တဲ့ လူသေအလောင်းတွေနဲ့ အပြုံးရိပ်မရှိဘဲသေဆုံးခဲ့တဲ့အလောင်းကောင်တွေကိုတော့ မိတ်ကပ်တွေနဲ့ ဆေးရောင်တွေကို အသုံးပြီး အသက်ရှိသယောင်ဖန်တီးခဲ့ကြပါတယ်။

တစ်ချို့ပုံရိပ်တွေဆိုရင်ပီပြင်လွန်းတာကြောင့် အသက်ရှိတဲ့သူနဲ့ အလောင်းကောင်ဆိုတာကို လုံးဝခွဲရခက်စေပါတယ်နော်။ ဒါပေမယ့် သိနိုင်မယ့်နည်းလမ်းတစ်ခုတော့ရှိပါတယ်။ ဒါကတော့ သေဆုံးနေတဲ့ သူရဲ့ အနောက်ဘက်မှာ ဒေါက်တိုင်တစ်ခုပါရှိနေမှာဖြစ်ပြီးတော့ ဒေါက်တိုင်မှာပါတဲ့ ညှက်နဲ့ ခေါင်းကိုထိန်းထားရတဲ့အတွက် အဆိုပါဒေါက်တိုင်ကိုတွေ့ရင် သေနေတဲ့လူဘယ်သူဆိုတာ သိနိုင်မှာပါနော်။ ပါးစပ်ရာဇဝင်တွေအရတော့ အချို့ဓာတ်ပုံတွေမှာ သေပြီးသားလူတွေ မကျွတ်မလွတ်ဘဲ ဝိဉာဉ်တွေခိုအောင်းနေတတ်တယ်ဆိုတာပါပဲ။ ကဲ... ပရိတ်သတ်ကြီးလည်း အခုဖော်ပြထားတဲ့ ပုံရိပ်လေးတွေထဲမှာဘယ်သူကသေပြီူသားလူ ဘယ်သူကအသက်ရှိတဲ့သူလည်းဆိုတာ ရှာဖွေကြည့်လိုက်ကြပါအုန်းနော်။ 

Source : Post mortem photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။