အဆိုတော်အုပ်စိုးခန့်တစ်ယောက် ပရိသတ်တွေကို ဘယ်လိုနည်းနဲ့ချစ်အောင်လုပ်ရမလည်းဆိုတာကို အမြဲတမ်းတွေးနေပုံပါပဲ။ တကယ်ကို ပျော်တတတ်တဲ့ လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က သူ့ရဲ့သီချင်းခွေ ပရိုမိုးရှင်းပွဲမှာ ဖျော်ေြ်ဖခဲ့စဉ်က ပရိသတ်တွေကို စနောက်ထားတဲ့ Video လေးကို လူမှုကွန်ယက်မှာ ပြန်တင်လိုက်တာပဲဖြစ်ပါတယ်။ အသက်ငယ်ရွယ်ပေမယ့် အောင်မြင်မှုတွေနဲ့ ပရိသတ်တွေအားပေးမှုတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ကိုယ်ရတဲ့အနုပညာကြေးနဲ့ မိဘကိုလည်းပြန်လည်ထောက်ပံ့ခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိ " The Number One " ဆိုတဲ့ သီချင်းခွေတစ်ခွေ ထွက်ရှိထားပြီး အမိုက်စားသံစဉ်တွေက ပရိသတ်တွေကိုအပြတ်အသတ်ဖမ်းစားလို့နေပါတယ်။ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သံစဉ်အလန်းစားတွေဖန်တီးပြီး အောင်မြင်နေတဲ့အရည်အချင်းကတော့ တကယ့်ကိုလေးစားစရာပါပဲ။

သူ့ရဲ့ Video လေးကို " My fri : ဟဲ့....ကလေးလေးတစ်ယောက်စိတ်ကောက်တာမြင်ဘူးလား?? me " ဆိုပြီး စနောက်ပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို သူက " ဟာ အဲ့လိုနော် " ဆိုပြီး တစ်ဖက်ကိုလှည့်ကာစိတ်ကောက်တဲ့ပုံလုပ်ပြထားပြီး ပရိသတ်တွေက စတာ စတာလို့ စနောက်ကျီစယ်တဲ့ပုံလေးက ရယ်ချင်စရာလေးမို့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Oak Soe Khant Kevin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။