ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ သွန်းဆက် ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သူမကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေနိုင်သူလေးပဲ ဖြစ်ပါတယ်။သူမကတော့ ဇာတ်ရုပ်အမျိုးမျိုးကို သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အရုပ်မလေးအတိုင်းချစ်စရာကောင်းတဲ့ မင်းသမီး သွန်းဆက်တစ်ယောက်ကတော့ ပြည့်ပြည့်၀၀ခန္ဓာကိုယ်လေးကနေ အခုဆိုရင် အနည်းငယ်ပိန်သွယ်သွားပြီး ချစ်စရာကောင်းနေကာ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ယနေ့မှာတော့ သွန်းဆက်တစ်ယောက်ကတော့ ချစ်သူဟောင်းနဲ့ ပြတ်သွားတဲ့ အပေါ် ခံစားချက်ကိုပြောပြလာခဲ့ပါတယ်။ 

သွန်းဆက်ကတော့ " ဖူးစာမပါလို့ပဲကွဲကွာသွားတယ်လို့ပဲမှတ်ထားတယ်"ချစ်သူနဲ့ပြတ်တာက ပြတ်တာပဲ အသဲကွဲနေဖို့ အချိန်ကိုမရှိတာ ရှေ့ဆက်လုပ်ရမှာတွေကိုပဲ အာရုံစိုက်ထားတယ် နောက်ပိုင်းတော့ ကိုယ့်ကိုလဲ နားလည်ပေးတယ် တစ်ကယ်ချစ်တယ် ဆိုရင်တော့ တွဲချင်လည်း တွဲမှာပါ " ဆိုပြီး myanmarloadtvမှာ ဖြေကြားပေးခဲ့ပါတယ်။

source: myanmarloadtv 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။