မော်ဒယ်၊ သရုပ်ဆောင် လုလုအောင်ကတော့ မြင်သူတိုင်းက ငေးလို့မဝနိုင်အောင် လှလွန်းတဲ့ ကချင်တိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း ကျစ်လျစ်တောင့်တင်းတဲ့ ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ လုလုအောင်က အမျိုးသားပရိသတ်တွေရဲ့ အချစ်တော်အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လုလုက ရင်ဖိုချင်စရာအလှတရားတွေကြောင့် တစ်နေ့တစ်ခြား နာမည်ကြီးအောင်မြင်နေတာ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ လုလုအောင်က ပွဲအခမ်းအနားတွေ တက်ရောက်နေရပြီး ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာလည်း တွေ့ရပါတယ်။ အခုလည်း ခေးကြီးလုက အမိုက်စားဖက်ရှင်နဲ့ အပြတ်အသတ်ကို လန်းနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို "အချစ်က ဘယ်လိုမျန်းလေးလို့စ်...... ချောင်းဘေးထိုင်စဉ်းစားနာ " ဆိုပြီး တင်ထားပါတယ်။ လုရဲ့စကားလုံးလေးတွေကတော့ ယောက်ျားထုကြီးရဲ့ အသည်းနှလုံးကိုတောင် ကလိကလိ ဖြစ်စေလောက်ပါတယ်။

ဒါ့အပြင် ခေးကြီးလုရဲ့ အလှပုံရိပ်တွေမှာလည်း သူမရဲ့ကောက်ကြောင်းအလှတွေက အထင်သားပေါ်လွင်နေတာ တွေ့ရပါတယ်။ ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းနေတဲ့ ခေးကြီးလုကတော့ မကြွေပဲမနေနိုင်လောက်အောင် ရင်ခုန်မိစေနိုင်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ် လုလုအောင်ရဲ့ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ အမိုက်စား၊ အလန်းစားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Lulu aung; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။