ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ကလည်း ပြည်သူပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်လေးပါပဲ..။

သရုပ်ဆောင်ယွန်းရွှေရည်ကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာအားပေးဝန်းရံမှုတွေကို ရရှိထားသလို ပီပြင်တဲ့သူမရဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ပွင့်လင်းမှုလေးတွေကြောင့်လည်း ဇာတ်ကားတော်များများမှာ ပါဝင်ရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ယွန်းရွှေရည်ကတော့ ချစ်စရာကောင်းတဲ့ Tik Tok အခွီဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးမျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း သူမပါဝင်သရုပ်ဆောင်ထားပြီး မကြာခင်ရုံတင်ပြသတော့မယ့် “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းအချို့က ဥက္ကာမင်းမောင်ရဲ့ အိုင်တင်ကိုလည်း အမိုက်စားသရုပ်ဆောင်ပြပီး Tik Tok လေး ဆော့ကစားထားပါသေးတယ်..။

ပရိသတ်တွေရဲ့ အချစ်တော်လေး ယွန်းရွှေရည်ရဲ့ ဝက်ဝက်ကွဲအောင်ပွင့် Tik Tok အခွီဗီဒီယိုလေးကိုလည်း ပရိသတ်တွေ သဘောကျနေကြတာလည်း တွေ့ရပါတယ်နော်..။

“ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဖေဖော်ဝါရီ(၂၂)ရက်နေ့မှာ စတင်ရုံတင်ပြသတော့မှာဖြစ်ပြီး ယွန်းရွှေရည်ရဲ့ ချစ်စရာအမိုက်စား Tik Tok ဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ယွန်းရွှေရည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။