လက်ရှိရေပန်းစားနေတဲ့ One Championship (MMA)မစ်ဒယ်ဝိတ်တန်းခါးပတ်လု ယှဉ်ပြိုင်မှုကိုတော့ ပရိသတ်အားလုံးစိတ်ဝင်စားနေပြီထင်ပါတယ်။

ပြိုင်ဘက်နှစ်ဦးစလုံးကတော့ အပြင်းအထန်လေ့ကျင့်မှုတွေနှင့်အတူ ပရိသတ်ကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။

လာမည့်မတ်လရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမယ်လို့ လက်ဝှေ့ဖိုက်တာများရဲ့ခံမှန်းချက်များစွာလည်း ထွက်ပေါ်နေတာတွေ့ရပါတယ်။ 

အောင်လအန်ဆန်းရဲ့ပြိုင်ဘက် ဂျပန်ဖိုက်တာ ခန်ဟစဲ့ဂါဝါကတော့ ဒုတိယအကြိမ်ထိပ်တိုက်တွေ့ဆုံမယ့် မစ်ဒယ်ဝိတ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေနှင့်အတူ ပထမအကြိမ်ရှုံးကြွေးကိုအကောင်းဆုံးတုံပြန်နိုင်ရန်ကြိုးစားနေကြောင်း သိရပါတယ်။ ပြိုင်ဘက်ကစားသမားနှစ်ယောက်စလုံးကတော့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိသူတွေဖြစ်ပြီး မတ်လရဲ့ အကောင်းဆုံးပြိုင်ပွဲတစ်ပွဲအဖြစ်လည်း ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်း(မြန်မာ)နှင့် ခန်ဟစဲ့ဂါဝါ(ဂျပန်)တို့ရဲ့ ပထမအကြိမ်တွေ့ဆုံမှု ဗီဒီယိုဖိုင်လေးကတော့ လက်ရှိပရိသတ်တွေကြားမှာ ပြန်လည်ရေပန်းစားခဲ့တာတွေ့ရပါတယ်။ ဒုတိယအကြိမ်ပြိုင်ပွဲမှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ အကောင်းဆုံးဖိုက်တာတစ်ဦးထွက်ပေါ်လာမလဲဆိုတာပရိသတ်တွေနဲ့ ရင်ခုန်ရင်း အောင်လတို့ ပွဲဟောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

VIDE0 - AUNG LA NSANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။