အဆိုတော်အိမ့်ချစ်တစ်ယောက် သူမရဲ့မောင်လေးနဲ့အတူ သြစတေးလျနိုင်ငံကို အလည် အပတ်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးက အညိုစင်ကြိုက်တဲ့ တိုင်းတပါးသားတွေကို ရူးခါနေအောင်ပြုစားတော့လေမလားဆိုတာတေ့ာ စိတ်ဝင်စားစရာပဲနော်။ သားရော သမီးရော ဖခင်ရဲ့ခြေရာကိုအပြည့်အဝနင်းထားကြသူတွေဖြစ်ပြီး ဂီတကိုလည်း ရူးသွပ်ကြသူတွေဖြစ်ပါတယ်။ အမဖြစ်သူကတော့ အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ်နဲ့ ဂီတလမ်းကြောင်းမှာရပ်တည်နေပြီး မောင်ဖြစ်သူကိုလည်း လက်တွဲခေါ်ယူနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သားဖသုံးယောက်အတူတူ ဖျော်ဖြေခဲ့ကြပြီး တကယ့်ကိုမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မိသားစုဘဝရဲ့နွေးထွေးမှုတွေကို ပြန်လည်ရရှိလိုက်သလိုပါပဲ။ သုံးယောက်လုံးက ညိုချောလေးတွေဖြစ်ကြပါသေးတယ်။ အဖေတူသားနဲ့ အဖေတူသမီးဖြစ်ပြီး ဝါသနာလည်းက အဖေနဲ့ထပ်တူမို့ ကြည်နူးစရာကောင်းတဲ့ အသိုက်အမြုံလေးပါပဲ။ Broken Family ဖြစ်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ဖခင်နဲ့သားသမီးတွေရဲ့ကြားက သံယောဇဉ်တွေက တကယ်ကိုကြည်နူးစရာကောင်းလွန်းတဲ့ ချည်နှောင်မှုလေးတစ်ခုအဖြစ် ရှိနေတာပဲဖြစ်ပါတယ်။

သြစတေးလျရဲ့ နေရောက်အောက်က သူမရဲ့ရင်ခုန်ဖွယ်ပုံရိပ်တွေကို " You are my SUNSHINE My only SUNSHINE you make me HAPPY When skies are gray... " ဆိုပြီး သီချင်းစာသားလေးနဲ့အတူတင်ထားတာပဲဖြစ်ပါတယ်။ အဝါရောင်ရင်ပြတ်အင်္ကျီလေးကို အနက်ရောင်စကဒ်အတိုလေးနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ အိမ့်ချစ်ရဲ့ရင်ခုန်ဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။