ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူကိုဆွတ်ခူးထာနိုင်တဲ့ အလှမယ် ထက်ထက်ထွန်းကိုသိကြမယ်ထင်ပါတယ်နော်။ လတ်တလောမှာတော့ မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်ဖက်ကိုကူးပြောင်းလာခဲ့ပြီး ပရိသတ်အများအပြားရဲ့လက်ခံအားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးနဲ့ လူတိုင်းအပေါ် အပြောအဆိုအမူအရာ ချိုသာပြေပြစ်လွန်းတဲ့အတွက်ကြောင့် ယောကျာ်းပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။

n

သူမဟာဆိုရင် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှလည်း ပြည်သူတွေရဲ့အကျိုးကိုသယ်ပိုးဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တော့မှာပဲ ဖြစ်ပါတယ်။ အမြဲဖက်ရှင်အလန်းလေးနဲ့ ပုရိသတို့ရဲ့အသည်းနှလုံးကိုဆွဲဆောင်ညှို့ယူနေတာဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် အတိုအပြတ်တွေဝတ်စားဆင်ယင်တက်ပင်မဲ့ မြန်မာဝတ်စုံလေးတွေနဲ့လည်း ကျက်သရေရှိစွာ အလွန်လှပနေတာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။

ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် ထက်ထက်ထွန်းဟာဆိုရင်တော့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို စဉ်ဆက်မပြတ် အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့အတူ "ချစ်ခဲ့ဖူးလား ဖြေပါ" ဆိုတဲ့ stauts လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myammarload ပရိသတ်ကြီးလည်းကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နေ်ာ။

Source Htet Htet Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။