ချစ်သုဝေက အဆိုတော် သရုပ်ဆောင်ဖြစ်တဲ့အပြင် အရမ်းတော်တဲ့ ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။ချစ်သုဝေရဲ့ သီချင်းတွေကလည်း album တစ်ခုဆိုတစ်ခု ထိထိမိမိကို ပေါက်ပါတယ်။အရမ်းကို ချစ်စရာကောင်းပြီး ထက်မြတ်လို့ လူချစ်လူခင်ပေါတဲ့ အနုပညာရှင်တစ်ယောက်ပါ။ချစ်သုဝေက အနုပညာကို ဝါသနာပါသူတစ်ယောက်မို့ ဆရာဝန်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုဘဲ အနုပညာအလုပ်ကိုသာလျှင် တစ်စိုက်မက်မက် ကြိုးစားသူလည်း ဖြစ်ပါတယ်။

ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျပြီး မေမြန်မာသစ်နဲ့မေမြန်မာခေတ် ဆိုတဲ့ အမွှာသမီးလေးနှစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။သမီးလေးတွေဆီကို မေမေ့ရဲ့ အလှတွေမပေးလိုက်ရဘဲ တစ်သားမွေးတစ်သွေးလှဆိုသလို အရင်ကထက် ပိုလှလာပါတယ်။သမီးလေးနှစ်ယောက်ကလည်း ချစ်စရာကောင်းပြီး အရမ်းသိတတ်လို့ မိဘတွေက ချစ်တာအပြင် ပရိတ်သတ်တွေကပါ ခေတ်နဲ့သစ်ကို အရမ်းချစ်ကြပါတယ်။သူတို့လေးတွေကလည်း ပရိတ်သတ်ကို အသည်းယားအောင် ပြုမူတတ်တဲ့ ခေတ်နဲ့သစ်ပါ။

ခေတ်နဲ့သစ်က ၂နှစ်ပြည့်သွားပြီဖြစ်လို့ မျက်စိအောင်မှာတင်ပဲ တစ်ဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး ပိုပိုပြီးလည်း ချစ်စရာကောင်းလာသလို ပိုပိုပြီးလည်း ဉာဏ်ရည်တွေ ထက်မြတ်လာပါတော့တယ်။မူကြိုလည်း တက်နေပြီး သူငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်နေတတ်တဲ့ ခေတ်လေးနဲ့သစ်လေးက အခုဆိုရင် မေမေ ချစ်သုဝေခရီးသွားနေတုန်း ဖေဖေလင်းကို ချောင်းကြည့်ပြီး တိုးတိုးနဲ့အတင်းပြောနေတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို လင်းလင်းက ပရိတ်သတ်ကြီးအတွက် မျှဝေထားပါတယ်နော်။

Source:Htwe Linn Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။