ပရိတ်သတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆံနွယ်ရှည်ရှည်အလှတရားလေးနဲ့ ဖြူစင်တဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက သူမရဲ့ငယ်စဉ်ကလေးဘဝကတည်းက အမေဖြစ်သူရဲ့ ထိန်းကျောင်းမှုအောက်မှာပဲ ကြီးပြင်းလာခဲ့ပြီး အခုလိုမျိုး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ခိုင်နှင်းဝေက ဖခင်မေတ္တာငတ်မွတ်ခြင်း ဆိုပြီး "ကျွန်မ ဘဝမှာ မွေးဖွားလာစဉ်ကနေ ယနေ့ထိ အဖေရဲ့မေတ္တာကို မရရှိခဲ့ဖူး ဝန်ခံရ ရင် ကျွန်မ ဖခင်တယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တယ်လေကျွန်မ မှာ အမေပဲရှိတယ် ကျွန်မနားမှာ ကျွန်မရှေ့မှာ အမေပဲရှိတယ် ကျမအဒေါ်တွေ ဦးလေးတွေရှိတယ်ကျွန်မ အဖေမေတ္တာလိုချင်ကြောင်းဖွင့်ဟမိရင် အမေစိတ်မကောင်းမှာစိုးလို့ တယောက်ထဲ ကြိတ်ခံစားခဲ့ရတဲ့ ဝေဒနာကို ကျွန်မလို Broken Family က လူတွေ နားလည်ကြမှာပါ။

ကျွန်မလေ ...ကျွန်မရှေ့မှာ ကြုံလာတဲ့အခက်ခဲတိုင်းကို တံတိုင်းကြီးလို မားမားမတ်မတ် ရပ်တည်ပြီး ငါ့သမီးလေးကို မထိနဲ့ဆိုပြီး ကာကွယ်ပေးမယ့် အဖေ လိုချင်တာ ပေါ့ ကျွန်မကို တခြားလူတွေနဲ့ဆက်ဆံတဲ့အခါ အယုံမလွယ်ဖို့ ကျွန်မအပေါ်အနိုင်ကျင့်စော်ကားတာမျိုး မဖြစ်စေရ အောင် ဖခင်မေတ္တာနဲ့ ဆုံးမပေးမယ့် အဖေမျိုး လိုချင်တာပေါ့ ကျွန်မနားကိုရောက်လာမယ့် အန္တရယ်တွေကို ငါ့သမီးထိ ဓားကြည့် ဆိုပြီး အသင့်ရှိနေတတ်တဲ့အဖေမျိုး လိုချင်တာပေါ့ ခုတော့ ကျွန်မမှာ ဖေဖေမရှိဖူး" ဆိုပြီး သူမရဲ့ ရင်တွင်းခံစားချက်လေးကို ထုတ်ဖော်လာခဲ့ပါတယ်နော်။

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။