တစ်ခေတ်မှာ အောင်မြင်ကျော်ကြားခဲ့တဲ့တေးသံရှင် ချစ်ကောင်းမှာဆိုရင် အရမ်းအသံကောင်း အဆိုကောင်းတဲ့ သမီးချောလေး အိမ့်ချစ်ရှိပါတယ်။အိမ့်ချစ်ကို ဖေဖေချစ်ကောင်းက တေးသီချင်းလောကထဲကို လက်တွဲခေါ်ယူခဲ့ပြီး အခုဆိုရင် အိမ့်ချစ်က လူငယ်တွေကြားမှာ အရမ်းရေပန်းစားနေတဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်နေပါပြီ။အိမ့်ချစ်က ဖခင်ရဲ့လမ်းပြမှုနဲ့ဆရာသမားတွေရဲ့ သွန်သင်မှုအောက်မှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်လို့နေပါပြီ။

အိမ့်ချစ်တို့ သားအဖ၃ယောက်ပေါင်းပြီး တေးစီးရီးလေးတစ်ခုထွက်ဖို့ကိုလည်း ပြင်ဆင်နေကြပါတယ်။တေးစီးရီးလေးရဲ့နာမည်ကို ခေတ်သုံးခေတ်ရဲ့ ချစ်သုံးချစ် ဆိုပြီး နာမည်လှလှလေးပေးထားပါတယ်။အခုမှ တက်သစ်စဖြစ်တဲ့ မောင်လေးကိုလည်း ပထမဦးဆုံးပွဲထုတ်မှာဖြစ်ပြီး သားအဖသုံးယောက်ရဲ့ မှတ်တိုင်လေးတစ်ခုဖြစ်ဦးမှာပါနော်။အိမ့်ချစ်က မောင်လေးကိုလည်း လက်တွဲခေါ်နေပြီဖြစ်လို့ မောင်နှမနှစ်ယောက်ကို အားပေးတဲ့ ပရိတ်သတ်တွေလည်း ရှိလို့နေပါပြီ။

အခုဆိုရင် အိမ့်ချစ်တို့ မောင်နှမနှစ်ယောက်က သြစတေးလျကို ရောက်ရှိနေပြီး သြစတေးလျရဲ့ အလှအပတွေ အကုန်လုံးကို ခံစားရင်း ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေကြပါတယ်။ချစ်ချစ်ခင်ခင်နဲ့ စည်းလုံးတဲ့ သူတို့မောင်နှမနှစ်ယောက်က အရမ်းကို ချစ်ဖို့ကောင်းပါတယ်နော်။အခုဆိုရင် အိမ့်ချစ်တို့မောင်နှမနှစ်ယောက်က ပင်လယ်ကြီးကို နောက်ခံထားပြီး မူရင်းအဆိုရှင် စိုင်းထီးဆိုင်ရဲ့ ချစ်တာတစ်ခုတည်းသီချင်းကို အတွဲညီညီ သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။